ဘုရားဖူးဧည့်သည်များ ပုံမှန်ပြန်လည်လာရောက်ဖူးမြော်နိုင်ရေး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရားဖူးဧည့်သည်များ ပုံမှန်ပြန်လည်လာရောက်ဖူးမြော်နိုင်ရေး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်




ညောင်ရွှေ  , ဧပြီ ၁၄


မတ်လ(၂၈)ရက် နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင်အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။


ထိုသို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါကပကအဖွဲ့မှ ဘုရားကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော် ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားခဲ့သည်။  


ယခုအခါ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်မှအလှူရှင်များက အလှူငွေများ ထည့်ဝင်လှူဒါန်းကုသိုလ်ပါဝင်ကြရာ ယနေ့အထိ စုစုပေါင်းထည့်ဝင်လှူဒါန်းငွေ (၈၇,၉၈၃,၀၀၀/-)ကျပ် ရရှိခဲ့ပြီဖြစ်ကြောင်းနှင့် ဘုရားဖူးပြည်သူများ အမြန်ဆုံးပြန်လည်လာရောက် ဖူးမျှော်နိုင်ရေးအတွက် ထိခိုက်ပျက်စီးသွားသည့် စံကျောင်းတော်အစိတ်အပိုင်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် အရှိန်အဟုန်မြှင့် ပြုပြင်မွမ်းမံလျက်ရှိကြောင်း သိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)