နတ်မောက်မြို့နယ်တွင် နွေစပါး (၂၀၈၀) ဧကစိုက်ပျိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် နွေစပါး (၂၀၈၀) ဧကစိုက်ပျိုးပြီးဖြစ်




နတ်မောက်  ဧပြီ  ၂၈


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၃)အုပ်တို့၌ နွေစပါး (၂၀၈၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ဒေသအတွင်း ဝမ်းစာဖူလုံရေးအတွက် မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးရန် လျာထားသည့် ကျေးရွာများမှ တောင်သူလယ်သမားများသည် နွေစပါးများကို အလေးထားစိုက်ပျိုးကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြီး ဘက်စုံအဆင့်မြှင့်နည်းပညာများဖြင့် စံပြကွက်များ၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးခြင်း၊ တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် မျိုးစေ့များနှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ နွေစပါးမျိုးဖြစ်သည့်မနောသုခ၊ ဆင်းသုခ၊ ရတနာတိုးစပါးမျိုးများအပြင် ရက်ပေါင်း (၁၀၅) စပါးမျိုးဖြစ်သည့် ထိုင်းနှံကောက်စပါးများကိုလည်း စိုက်ပျိုးကြကြောင်း၊ နတ်မောက်မြို့နယ်၌ ယခုနှစ် နွေစပါးရာသီတွင် နတ်မောက်မြို့နယ်၌ ကျေးရွာအုပ်စု (၁၃) အုပ်စုတွင် နွေစပါးများ စိုက်ပျိုးထားရှိပြီး ပန်းတိုင်အထွက်နှုန်း ကောင်းမွန်ရေး  နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)