မဟာအောင်မြေမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန RRT team အဖွဲ့တို့မှ ငလျင်ဘေးသင့် ပြည်သူများအား လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန RRT team အဖွဲ့တို့မှ ငလျင်ဘေးသင့် ပြည်သူများအား လိုက်လံကြည့်ရှုစစ်ဆေး



မဟာအောင်မြေ  ဧပြီ  ၂၈


မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချောချောနိုင်နှင့် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RRT team အဖွဲ့တို့မှ ဧပြီ ၂၆ ရက်နေ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါစစ်ဆေးရေးအဖွဲ့သည် မြို့နယ်အားကစားကွင်းအတွင်းရှိ ငလျင်ရှောင်ကယ်ဆယ်ရေး စခန်းရှိငလျင်ဘေးသင့်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါများမဖြစ်‌စေရန်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိစေရန်နှင့် အပူဒဏ်ကာကွယ်ရေးနည်းလမ်းများအကြောင်းကို ဆွေးနွေးခဲ့ပြီး အမှတ် (၇)ရဲစခန်း နယ်ထိန်းထွန်းလင်းလတ်ပါ (၃)ဦး၊ ဒေးဝန်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဝေအဖွဲ့တို့မှ လိုက်လံကြည့်ရှုစစ်ဆေးပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)