မန္တလေး၊ ဧပြီ ၄
ဇွဲထက်ရတနာရွှေဆိုင်က မန္တလေးမြို့ မူလမစိုးရိမ်ပင်မ အလယ်ကျောင်းတိုက်ကြီးနှင့် နာရီစင်ကြီးကို ရှေးမူမပျက်ဘဲ အသစ်ပြန်လည်တည်ဆောက်နိုင်ရန် ကျွမ်းကျင်ပညာရှင်များဖြင့် ပြန်လည်စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဇွဲထက်ရတနာရွှေဆိုင် က မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မန္တလေးမြို့ မူလမစိုးရိမ်ပင်မ အလယ်ကျောင်းတိုက်ကြီးနှင့် နာရီစင်ကြီးကို ရှေးမူမပျက်ဘဲ အသစ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ဇွဲထက်ရဲ့ ပဲ့ကိုင်ရှင် အကိုကြီး နှင့် မမကြီး အပါအဝင် သမီးလေး မထက်သဉ္ဇာအောင်တိုကိုယ်တိုင် ဦးဆောင်ပြီး ကျွမ်းကျင် Engineer ကြီးများပါ မည့်သို့ မည်ပုံဆောက်လုပ်မည်ကို လေ့လာကြည့်ရှုခဲ့ပြီးဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။
ယခုလိုပြုလုပ်လှူဒါန်းခြင်းများသည်လည်း Customer ကြီးများ၏ အားပေးမှုကြောင့်ဖြစ်သောကြောင့် အားလုံးထပ်တူ သာဓုခေါ်ဆိုနိုင်စေရန် မှတ်တမ်းတင်ဓာတ်ပုံများနှင့်တကွ ပြန်လည်မျှဝေထားသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment