ငလျင်ကြောင့် ပိတ်ထားခဲ့သည့် နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များ ပြန်လည်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ကြောင့် ပိတ်ထားခဲ့သည့် နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များ ပြန်လည်ဖွင့်လှစ်


နေပြည်တော်၊ ဧပြီ ၄

ငလျင်ကြောင့် ပိတ်ထားခဲ့သည့် နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်များကို ဧပြီ ၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ဧပြီလ ၄ ရက်နေ့ကစတင်ပြီး နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ  ပြန်လည်ဖွင့်လှစ်ပြီး ခရီးသည် တင်လေယာဉ်တွေ ပြန်လည်ပျံသန်းနေပါပြီ”ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

လက်ရှိတွင် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ နိုင်ငံပိုင် မြန်မာအမျိုး သားလေကြောင်းလိုင်းကလည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့  မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) အပါအဝင် ပြည်တွင်းလေကြောင်းလိုင်း အသီးသီးက ပုံမှန်လေကြောင်း ခရီးစဉ်များကို ဧပြီ ၄ ရက်တွင် စတင်ပျံသန်းနေပြီ ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)