မန္တလေးမြေငလျင်ကြောင့်ပျက်စီးခဲ့သည့် ဘုရားစေတီ၊ သာသနိကအဆောက်အဦများအားကြည့်ရှု၊ ဆရာတော်များအား ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြေငလျင်ကြောင့်ပျက်စီးခဲ့သည့် ဘုရားစေတီ၊ သာသနိကအဆောက်အဦများအားကြည့်ရှု၊ ဆရာတော်များအား ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း





တပ်ကုန်း , ဧပြီ ၁၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း မန္တလေးမြေငလျင်ကြောင့် ပျက်စီးခဲ့သည့် ဘုရားစေတီ၊ သာသနိကအဆောက်အဦများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ဆရာစံရပ်ကွက်၊ ကျောင်းသစ်ပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး မြေငလျင်ဒဏ်ကြောင့် ယိမ်းယိုင်ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌထံ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း မိသားစုမှ ဝတ္ထုငွေနှစ်သိန်းနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော်နှစ်အိတ်၊ ဆီတစ်ပုံး၊ ကြက်ဥခြောက်ကတ်၊ ငါးသေတ္တာတစ်ကတ်၊ ပေါင်မုန့်တစ်ဖာ၊ ရေသန့်၁၂ကတ်၊ ခြင်ထောင်တစ်လုံး ဆက်ကပ်လှူဒါန်းခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဘုရားနီကျောင်းတိုက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ၄ပင်x၄ပင် ပတ်လည်သိမ်ကျောင်းအဆောက်အဦအား ကြည့်ရှု့ခဲ့ပြီးနောက် တိုက်အုပ်ဆရာတော်ထံ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းမိသားစုမှ ဝတ္ထုငွေနှစ်သိန်းနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော်နှစ်အိတ်၊ ဆီတစ်ပုံး၊ ကြက်ဥခြောက်ကတ်၊ ငါးသေတ္တာတစ်ကတ်၊ ပေါင်မုန့်တစ်ဖာ၊ ရေသန့် ၁၂ ကတ်၊ ခြင်ထောင်တစ်လုံး ဆက်ကပ်လှူဒါန်းခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ တဲမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုရားစေတီ၊ သာသနိကအဆောက်အဦများအားကြည့်ရှု့ခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိစာရထံ ဝတ္ထုငွေ နှစ်သိန်းနှင့် ဆွမ်းဆန်တော်နှစ်အိတ်၊ စားဆီတစ်ပုံး၊ ကြက်ဥခြောက်ကတ်၊ ငါးသေတ္တာတစ်ကတ်၊ ပေါင်မုန့် တစ်ဖာ၊ ရေသန့် ၁၂ကတ်၊ ခြင်ထောင်တစ်လုံး ဆက်ကပ်လှူဒါန်းခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ဒရောက်ကူးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အဦများအား ကြည့်ရှု့ခဲ့ပြီး ဆရာတော်ဘဒ္ဒန္တစန္ဒဓိကထံ ဝတ္ထုငွေနှစ်သိန်းနှင့်ဆွမ်းဆန်တော် နှစ်အိတ်၊ စားဆီတစ်ပုံး၊ ကြက်ဥခြောက်ကတ်၊ ငါးသေတ္တာတစ်ကတ်၊ ပေါင်မုန့်တစ်ဖာ၊ ရေသန့် ၁၂ ကတ်၊ ခြင်ထောင်တစ်လုံး ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် အလောင်းမင်းတရားဘုရင်ကြီး တည်ထား ကိုးကွယ်ခဲ့သော ဥူးအောင်ဇေယျဘုရားသို့ ရောက်ရှိ၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုရားအမှတ် တက-၀၃၆ ဘုရားစေတီတော် လုံးတော်နှင့်ထီးတော် မြေခနေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် သန့်ရှင်းရေးနှင့်ဘုရားဌာပနာများ ပျောက်ပျက်မှုမရှိစေရေး သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိသူများကို ရှင်းလင်းမှာကြားခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ရှောက်ကုန်းကျေးရွာ မဟာအောင်မြေကျောင်းသို့ရောက်ရှိ၍ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်ဓမ္မာရုံအဆောက်အဦအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိစာရိန္ဒထံ ဝတ္ထုငွေနှစ်သိန်းနှင့် ဆွမ်းဆန်တော်နှစ်အိတ်၊ စားဆီတစ်ပုံး၊ ကြက်ဥခြောက်ကတ်၊ ငါးသေတ္တာတစ်ကတ်၊ ပေါင်မုန့် တစ်ဖာ၊ ရေသန့် ၁၂ ကတ်၊ ခြင်ထောင်တစ်လုံး ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)