တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ဒေသများသို့ တနင်္သာရီတိုင်းဒေသကြီးကိုယ်စား သွားရောက်ကူညီခဲ့ကြသော ပရဟိတအသင်းများအား ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ဒေသများသို့ တနင်္သာရီတိုင်းဒေသကြီးကိုယ်စား သွားရောက်ကူညီခဲ့ကြသော ပရဟိတအသင်းများအား ဂုဏ်ပြု






ထားဝယ်၊ ဧပြီ ၃၀

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ဒေသများသို့ တနင်္သာရီတိုင်းဒေသကြီးကိုယ်စား သွားရောက်ကူညီခဲ့ကြသော ပရဟိတအသင်းများအား ဂုဏ်ပြုသည့် အခမ်းအနားကို ယမန်နေ့က ထားဝယ်မြို့၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ငလျင်ဘေးသင့်ဒေသများသို့သွားရောက် ကူညီကယ်ဆယ်ခဲ့ကြသော တိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့(ထားဝယ်)နှင့် ပူးပေါင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့်အဖွဲ့ဝင်များအာလုံးကို ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင်မန္တလေးနှင့် ဆက်စပ်သောနေရာများတွင် ၇.၇ ရစ်(ချ်)စကေးရှိသည့်ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်မှု ကြောင့် နိုင်ငံတော်အတွင်း ထိခိုက်ပျက်စီးမှုများစွာဖြစ်ပွားကြောင်း၊ မြေငလျင်များဆက်တိုက်လှုပ်ရှားခဲ့ သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ပြင်းထန်စွာငလျင် လှုပ်ခဲ့ကြောင်း၊ သေဆုံးမှုအနေဖြင့် ၂၈ ရက်နေ့အထိ ၃၇၀၀ ကျော်ရှိသည့်အတွက်ကြောင့် ဝမ်းနည်းစရာကောင်းကြောင်း၊ ငလျင်ဘေးသင့်ဒေသများသို့ ပရဟိတအသင်းများက တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ကူညီကယ်ဆယ်ခဲ့သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများက ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ကြောင်း၊ ပရဟိတအသင်းများက မိမိအသက်ကို ပဓာနမထားပဲ ပင်ပန်းဆင်းရဲခံပြီး သွားရောက်ကူညီခဲ့သော တိုင်းဒေသကြီး၏သူရဲကောင်းများဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ကာ မှတ်တမ်းတင်ဂုဏ်ယူကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မြေငလျင်ဘေးနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးခဲ့ကြောင်း၊  တိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ပါ ပရဟိတအဖွဲ့(၅)ဖွဲ့မှ ၃၈ ဦးကို ယာဉ်(၆)စီး၊ ဇမ္ဗုသီရိအရေးပေါ်လူနာ(အခမဲ့) သယ်ယူပို့ဆောင်ရေး အဖွဲ့နှင့်ပူးပေါင်းအဖွဲ့မှ ၄၅ ဦးကို ယာဉ်(၆)စီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ သွားရောက်ကူညီကယ်ဆယ်ပေးခဲ့သော အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့(၂)ဖွဲ့သည် တိုက်တွန်းပြောကြား၍ မဟုတ်ပဲ မိမိ၏ အသိစိတ်ဓာတ်ဖြင့်သွားရောက်ပြီး ကူညီကယ်ဆယ်သည့်အတွက် တန်ဖိုးရှိကြောင်း၊ ပရဟိတအသင်းများသည် ဒုက္ခရောက်သောနေရာ ဒေသများသို့ ကူညီကယ်ဆယ်မှု များသည် လူသားချင်းစာနာထောက်ထားမှုကို ရင်ဝယ်ထားပြီး ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူတစ်ဦးအနေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအနေဖြင့်လည်းကောင်းဂုဏ်ယူကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပရဟိတအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များကို ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ပရဟိတအသင်းများသည် တိုင်းဒေသကြီးသို့ ချောမွေ့စွာပြန်လည်ရောက်ရှိလာသည့်အတွက်ကြောင့်များစွာ ကျေးဇူးတင်ချီးကျူးဂုဏ်ပြုပါကြောင်း၊ ပရဟိတလူငယ်များသည် တန်ဖိုးရှိသောသူများဖြစ်ပြီး ပရဟိတလူငယ်လူရွယ်များစွာ ပေါ်ထွက်လာအောင် မွေးထုတ်ပေးရန်လိုအပ်ပြီးနိုင်ငံ့အကျိုး၊ တိုင်းဒေသကြီး အကျိုးပိုမိုထမ်းဆောင်သူများ ဖြစ်အောင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ပရဟိတအသင်းများက တွေ့ကြုံခဲ့သည့်ဗဟုသုတများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပရဟိတအသင်း (၁၁)သင်းအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)