ငလျင်ဒဏ်သင့်ဒေသများတွင် ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံမှ ဆရာဝန်များ ရန်ကုန်မြို့သို့ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်သင့်ဒေသများတွင် ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံမှ ဆရာဝန်များ ရန်ကုန်မြို့သို့ရောက်ရှိ


နေပြည်တော်၊ ဧပြီ ၁၉

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ဒေသများ၌ ကျန်းမာရေးလုပ်ငန်းများကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံမှ ဆရာဝန် ၅၀ ဦးသည် ၎င်းတို့အသုံးပြုမည့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း ၅ တန်ကျော်နှင့်အတူ ယနေ့ ညနေ ၅ နာရီခွဲတွင် China Eastern လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။

အဆိုပါ တရုတ်နိုင်ငံမှဆရာဝန်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing နှင့်တာဝန်ရှိသူတို့က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)