ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ငွေကျပ် ၈ ဒသမ ၅ ဘီလီယံတန်ဖိုးရှိစိတ်ပြောင်းဆေးဝါး ကက်တမင်း ၁,ဝဝဝ ကီလို ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ငွေကျပ် ၈ ဒသမ ၅ ဘီလီယံတန်ဖိုးရှိစိတ်ပြောင်းဆေးဝါး ကက်တမင်း ၁,ဝဝဝ ကီလို ဖမ်းဆီးရမိ


နေပြည်တော်၊ ဧပြီ ၁၉ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ လွိုင်လင်တိုးဂိတ်တွင် ကျော်အာကာသိန်း မောင်းနှင်လာသည့် TOYOTA ALPHARD ယာဉ်နှင့် သက်နိုင် မောင်းနှင်လာသည့် TOYOTA ALPHARD ယာဉ်တို့ကို သတင်းအရ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ကျော်အာကာသိန်း မောင်းနှင်သည့်ယာဉ်မှာ တောင်ကြီးဘက်သို့ မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ လွိုင်လင်-တောင်ကြီးသွားလမ်းရှိ ချိုခမ်းကျေးရွာအဝင်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းယာဉ်နှစ်စီးပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးကက်တမင်း ၁,၀၀၀ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဧပြီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကျိုင်းတုံမြို့၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းရွာအနီးတွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် အဓိကပါဝင်သူများဖြစ်သည့် ရန်အောင်ကျော်(ခ)အိုက်ကျိုင်း နှင့် ထွန်းကိုကို(ခ)အိုက်လုံ တို့အား TOYOTA PRADO မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက် အရ ကက်တမင်းများအား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှ ရန်ကုန်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)