ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်အချို့ ထိခိုက်ပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်အချို့ ထိခိုက်ပျက်စီး




နေပြည်တော်၊ ဧပြီ ၁၉

အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်နှင့် ထိခိုက်ပျက်စီးမှုများဖြစ်စေရန် ရည်ရွယ်၍ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လျက်ရှိရာ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အကြမ်းဖက် မှုကိုလိုလားသည့် အဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုကို လိုလား သည့်အဖွဲ့များသည် ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာမှ ကော့ကရိတ်မြို့အတွင်းသို့ လက်နက် ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အမှတ် (၄) ရပ်ကွက်ရှိ တောင်ပေါ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတည်ထားသည့် မဟာမြတ်မုနိဝတ်ကြီး ဘုရားကျောင်းဆောင်၏ အနောက်ဘက်မုခ်ဦးအနီး ဗုံးသီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းဆောင် အတွင်းရှိ မျက်နှာကျက်များနှင့် အုတ်နံရံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါအကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် နေရာတဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)