ဟနွိုင်း၊ ဧပြီ ၁၉
မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်သင့်ဒေသများရှိ မြန်မာ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် စေတနာရှင်ဗီယက်နမ်ပြည်သူများက တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း အစားအစာ/ဆေးဝါးများနှင့် ငွေကြေးများကို မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လှူဒါန်းလျက်ရှိသည်။
၁၇-၄-၂၀၂၅ ရက်တွင် ဟနွိုင်းမြို့အခြေစိုက် ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းမှ ဥက္ကဋ္ဌ Mr. Chu Cong Phung၊ ဒုတိယဥက္ကဋ္ဌ Ms. Luan Thuy Duong တို့ ဦးဆောင်၍ ချစ်ကြည်ရေးအသင်းအဖွဲ့ဝင် များသည် ဗီယက်နမ်ဒေါင် ၃၉၂,၃၇၂,၀၈၄ ကိုလည်းကောင်း၊ ချစ်ကြည်ရေးအသင်းအဖွဲ့ဝင် CLB Doanh Nhan စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ဗီယက်နမ်ဒေါင် ၁၅,၅၀၀,၀၀၀ ကိုလည်းကောင်း ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မြန်မာပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာသံရုံးသို့ လာရောက်လှူဒါန်းရာ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းသို့ လှူဒါန်းငွေနှင့် ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment