ကလောမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပ

 




ကလော   ၊  ဧပြီ ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့တွင် ၁၃၈၇ ခု ၊ နှစ်သစ်ကူးအခါသမယမှာ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကလောမြို့၊ မြို့နယ်ခန်းမကျင်းပပြုလုပ်ရာ ကန်တော့ခံအဘိုး၊ အဘွားများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ၁၃၈၇ ခု၊ နှစ်သစ်ကူးအခါသမယမှာ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွား ပူဇော်ကန်တော့ပွဲကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့‌နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကန်တော့ခံအသက်(၈၅) နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွားတို့အား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများပေးအပ်၍ ပူဇော်ကန်တော့ခဲ့ကြပြီး အဘိုး၊ အဘွားကိုယ်စား အဘွား‌ဒေါ်သိန်းရီက ကန်တော့ချိုးဆုပေး၍ ဩဝါဒစကားမွက်ကြားပေးခဲ့သည်။


အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ဘွားပူဇော်ကန်တော့ပွဲတွင် ကလောမြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် လွယ်အံ့‌ကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာတို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး(၄၀)ဦးနှင့် အဘွား(၈၃)ဦး စုစုပေါင်း(၁၂၃)ဦးတို့အတွက် (၁)ဦးလျှင်(၈၅,၀၀ဝိ/-)တန်ဖိုးရှိ အလှူငွေ၊ ဆေးပစ္စည်း၊ အဝတ်အထည်တို့ကို‌ပေးအပ် လှူဒါန်းလျက်ရှိပြီး အခမ်းအနားသို့မတက်ရောက်နိုင်သည့် အဘိုး၊အဘွားများအား အိမ်တိုင်ရာရောက်ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)