လမ်းမတော်မြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာအစဥ်အလာမပျက် စတုဒိသာ အာဟာရကျွေးမွေးခြင်းများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းမတော်မြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာအစဥ်အလာမပျက် စတုဒိသာ အာဟာရကျွေးမွေးခြင်းများပြုလုပ်

 



လမ်းမတော် , ဧပြီ ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း မဟာသင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာအစဥ်အလာမပျက် စတုဒိသာ အာဟာရကျွေးမွေးခြင်းများကို ဧပြီ(၁၃)ရက်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၁၃လမ်းထောင့်ရှိ သင်္ကြန်မင်းသားစတုဒိသာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာလမ်းမတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့်တာဝန်ရှိသူများက မြန်မာ့ရိုးရာအစဥ်အလာမပျက်သပြေခက်များ၊ အမွှေးနံ့သာများတို့ဖြင့် ပြည်သူများအားပက်ဖျန်း၍ ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး ကြာဆံချက်စတုဒိသာ အာဟာရများကိုလည်း ပြည်သူများအား ကျွေးမွေးခဲ့သည်။


အဆိုပါ မြန်မာ့ရိုးရာအစဥ်အလာမပျက် စတုဒိသာအာဟာရကျွေးမွေးခြင်းကို မဟာသင်္ကြန်အကြိုနေ့မှအတက်နေ့အထိကာလအတွင်း နေ့စဥ်နေ့တိုင်းဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)