မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲနှင့် စတုဒီသာမဏ္ဍပ်ဖွင့်ပွဲ သုံးခွမြို့၌ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲနှင့် စတုဒီသာမဏ္ဍပ်ဖွင့်ပွဲ သုံးခွမြို့၌ကျင်းပ





သုံးခွ , ဧပြီ ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲနှင့် စတုဒီသာမဏ္ဍပ်ဖွင့်ပွဲကို  ဧပြီ(၁၃)ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်က မြို့​နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့်အဖွဲ့ဝင်များက စတုဒီသာမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး မြန်မာ့ရိုးရာအစဥ်အလာမပျက် သပြေခက်များ၊ အမွှေးနံ့သာများဖြင့် ပြည်သူများအားပက်ဖျန်း၍ ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် သုံးခွမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းသော စတုဒိသာ ရွှေရင်အေးများကို ပြည်သူများအား ကျွေး‌‌မွေးခဲ့ကြသည်။


မဟာသင်္ကြန်ပွဲနှင့် စတုဒိသာအာဟာရကျွေးမွေးခြင်း၊ဘိုး ဘွားများအားပူဇော်ကန်တော့ခြင်း၊ မြန်မာ့ရိုးရာအစဥ်အလာမပျက် ရေကစားခြင်းတို့ကို မဟာသင်္ကြန်ကာလအတွင်း နေ့စဥ်နေ့တိုင်းဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


စည်သူလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)