မန္တလေးဗဟိုအကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးဗဟိုအကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြု




မန္တလေး  ၊   ဧပြီလ ၁၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၇-၄-၂ဝ၂၅ ရက်စွဲပါ အမိန့်အမှတ်၊ ၃၀/၂၀၂၅ အရ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေး ချမ်းစေရေးနှင့်လူမှုရေးအရငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည် စေရန်ရှေ့ရှုသောအားဖြင့်လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက် နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည် နယ်လက်နက် အမိန့်အရပြစ်မှုများ၊ ၂ဝ၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား /သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အခမ်းအနားကို ဧပြီလ ၁၇ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟို အကျဉ်းထောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းဗိုလ်၊မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးချိုဝင်းထွန်း၊ အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အောင်မြေသာစံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ယု၊ မြိုနယ်ရဲတပ်ဖွဲမှူး ရဲမှူးလှမိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုး‌မောင်နှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၊ လွတ်မြောက်အကျဉ်းသား၊ အကျဉ်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဗိုလ်မှူးကြီး နေလင်းစိုးနှင့် ရဲမှူးချုပ်ဝင်းဗိုလ်တို့က ဆုံးမသြဝါဒစကား ပြောကြားကြပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြသူများအား နေ့တွက်နှင့်ခရီးစရိတ်များ ပေးအပ်ကြသည်။


ယမန်နေ့အခမ်းအနားတွင် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ် ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁(၁) အရ မန္တလေးဗဟိုအကျဉ်းထောင်မှတပ်မတော် အက် ကျား ၁၉ ဦး၊ ရဲစည်းကမ်း ကျား ၃ ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ တစ်မျိုးတည်းဖြင့် အကျဉ်းသား ၉၀ ဦး၊ အကျဉ်းသူ ၄၃ ဦး၊ရာဇသတ်ကြီးပုဒ်မ ၅၀၅ နှင့်အခြားအမှုတွဲ အကျဉ်းသား ၁၁ဦး၊ အကျဉ်းသူ ၂ဦး၊ စုစုပေါင်း အကျဉ်းသား ၃၄၁ ဦး၊အကျဉ်းသူ ၇၉ ဦး၊ ကျား+မ စုစုပေါင်း ၄၂၀ ဦး တို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၁၀နာရီခွဲ အချိန်မှစတင်၍လွတ်ခဲ့ကြောင်းသိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)