လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် နှစ်ဦးနှစ်ဆန်း (၁) ရက်နေ့၌ ပရိတ်တရားတော်နာယူခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် သက်ကြီးပူဇော်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် နှစ်ဦးနှစ်ဆန်း (၁) ရက်နေ့၌ ပရိတ်တရားတော်နာယူခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် သက်ကြီးပူဇော်ပွဲပြုလုပ်



လှိုင်သာယာ  ၊  ဧပြီ  ၁၈


လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် နှစ်သစ်တွင် ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းစေရန်ရည်ရွယ်၍ မြန်မာသက္ကရာဇ် (၁၃၈၇) ခု နှစ်ဦးနှစ်ဆန်း (၁) ရက်နေ့၌ ပရိတ်တရားတော်နာယူခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် သက်ကြီး ဘိုး / ဖွား များအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက သာသနာ့ရက္ခိတဓမ္မစကူးကျောင်း၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ စေတနာရှင်အလှူရှင်များဖြစ်ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ် / ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ပြည်သူစေတနာရှင်များနှင့် ဖိတ်ကြားထားသူများ ရောက်ရှိကြသည်။


 ဦးစွာ သာသနာ့ရက္ခိတဓမ္မစကူးကျောင်း မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘုရားထံမှ လူပရိတ်သတ်များက ငါးပါးသီလခံယူကြပြီး ဆရာတော်များ ရွတ်ဖတ်ပူဇော်သော ရတနာသုတ်ပရိတ်တရားတော်ကို နာယူကြခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုသီးသီးတို့ကို ဆက်ကပ်လှူဒါန်းကြပြီး သက်ကြီး ဘိုး / ဖွားများအား ရှိခိုးကန်တော့ကာ လှူဖွယ်ပစ္စည်းများ လှူဒါန်းကြပေးကြသည်။


ထို့နောက် စေတနာရှင် အလှူရှင်များက ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေကြသည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား နှစ်သစ်နှစ်ဆန်း (၁) ရက်နေ့မှာ စေတနာထက်သန်စွာဖြင့် လှူဒါန်းပေးကြသည့် စေတနာရှင်အလှူရှင်များနှင့် အလှူပွဲဖြစ်မြောက်အောင်မြင်ပြီးစီးအောင် တက်ညီလက်ညီအဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများကို ကျေးဇူးအထူးပင်ကျေးဇူးတင်ရှိပြီး ဂုဏ်ယူဝမ်းမြှောက်ကြောင်း နှစ်စဥ်နှစ်တိုင်း ယခုကဲ့သို့ အနှစ်သာရရှိရှိကောင်းမြတ်သော အလှူဒါနမျိုးကို နောင်လာနောင်သားများ အတုယူဖွယ်ရာ မြန်မာ့ရိုးရာနှစ်ဦးအလှူပွဲကို အစဥ်အလာမပျက် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဆရာတော်အရှင်သူမြတ်များထံ ​လျှောက်ထားခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)