အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)သည် လာမည့် မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံ ညွန့်ပေါင်း ASEAN-All Stars တို့ခြေစမ်းပွဲအား စီစဉ်ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင်အား အာဆီယံညွန့်ပေါင်းအသင်းမှ ပါဝင်ကစားရန် ရွေးချယ်လိုက်ကြောင်း AFF ကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တရားဝင် ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း MFF က သတင်းထုတ်ပြန်ထားသည်။
မောင်မောင်လွင်သည် လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ပါဝင်ကစားနေသလို ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warrior FC တွင်လည်းပရော်ဖက်ရှင်နယ်ပီပီ ခြေစွမ်းပြ ကစားနေခြင်းကြောင့် အာဆီယံညွန့်ပေါင်း အသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်း ဖြစ်ကြောင်း AFF ကထုတ်ပြန်သည်။ အာဆီယံ ညွန့်ပေါင်းအသင်းနည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင် အသင်းနည်းပြ MR. Kim Sang-Sik ကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment