ရုရှားက တာလီဘန်တွေကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားက တာလီဘန်တွေကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းပေး


ဧပြီ - ၁၈ ( သောကြာနေ့ ) 

ရုရှားနိုင်ငံ တရားရုံးချုပ်သည် ကြာသပတေးနေ့တွင် တာလီဘန်များအား “အကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်ခြင်းအား ရုပ်သိမ်းခဲ့ပြီး နိုင်ငံတွင်း၌ တာလီဘန်တွေရဲ့  လှုပ်ရှားမှုများကို တရားဝင် ဖြစ်စေခဲ့ပါတယ်။ 

တာလီဘန်တွေကို ရုရှားက ၂၀၀၃ ခုနှစ်ကတည်းက အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းခဲ့ပြီး ရုရှားဥပဒေအရ တာလီဘန်တွေနဲ့ ဆက်သွယ်ခြင်းကိုပင် ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြုလုပ်ခြင်းအဖြစ် သက်မှတ်ခဲ့ပါတယ်။ 

အာဖဂန်နစ္စတန်ကို တည်ငြိမ်အောင် ကူညီပေးရန် တာလီဘန်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ရုရှားအရာရှိတွေ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်နှင့် နေတိုးတပ်များ နှုတ်ထွက်ပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် တာလီဘန်တွေက အာဖကန်နစ္စတန် တွင် အာဏါပြန်ရခဲ့ပါတယ်။ ထိုအချိန်မှစ၍ မော်စကိုသည် တာလီဘန်အရာရှိများနှင့် သံတမန်အဆက်အသွယ် ပြန်လည်စတင်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်ကို ချုပ်ကိုင်ထားသော လက်ရှိအစိုးရနှင့် တစ်နည်းတစ်ဖုံ ဆက်ဆံရေးတည်ဆောက်ရန် လိုအပ်တယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့်နှစ်တွင် ပြောကြားခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် မေလတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် တရားရေး ဝန်ကြီးဌာနတို့က တားမြစ်ချက်ကို ရုတ်သိမ်းရန် တရားဝင် အဆိုပြုခဲ့ပြီး ယခုလအစောပိုင်းတွင် အစိုးရရှေ့နေချုပ်ရုံးမှ တရားရုံးချုပ်သို့ အဆိုတင်သွင်းခဲ့ကာ ကြာသပတေးနေ့တွင် အမိန့်ကြေညာချက် ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)