စစ်ကိုင်းမြို့နယ်၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတည်းခိုခန်း၌ ပိတ်မိနေသည့် အမျိုးသား ၁ ဦးအား ငလျင်လှုပ်ပြီး ၅ ရက်မြောက်နေ့တွင် အသက်ရှင်လျက် ကယ်ဆယ်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတည်းခိုခန်း၌ ပိတ်မိနေသည့် အမျိုးသား ၁ ဦးအား ငလျင်လှုပ်ပြီး ၅ ရက်မြောက်နေ့တွင် အသက်ရှင်လျက် ကယ်ဆယ်ရရှိ



နေပြည်တော်၊ ဧပြီ ၂

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတည်းခိုခန်း၊ RC ၃ ထပ်အဆောက်အဦ ပြိုကျမှုတွင် ၅ ရက်ကြာ ပိတ်မိနေသည့် မူလတန်းကျောင်းအုပ်ဖြစ်သူ ဦးတင်မောင်ထွေး အသက် ၄၇ နှစ်အား စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး ဦးဆောင်၍ စစ်ကိုင်းခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ပရဟိတ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ မတ်လ ၃၀ ရက် နံနက် ၈ နာရီ မှစတင်၍ နေ့မအားညမနား အင်တိုက်အားတိုက် ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ ရှာဖွေကယ်ဆယ်မှုကြာချိန် ၇၈ နာရီ ၄၅ မိနစ် ခန့်ကြာမြင့်ခဲ့ပြီး ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အသက်ရှင်လျက်အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီး ခုတင်-၂၀၀ သို့ဆက်လက်ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သတင်းရရှိသည်။


#MyanmarEarthquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)