အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါး ဦးတို့အား မြန်မာ - ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါး ဦးတို့အား မြန်မာ - ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်



နေပြည်တော်၊ ဧပြီ ၂

မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သား သားစုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ယမန်နေ့က အဆိုပါလုပ်ငန်းများ၌   ဆက်စပ် ပါဝင်ခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား  ငါး ဦးကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည် ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့  လူသားချင်း  စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း  ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ၍  ပြည်နှင်လွှဲပြောင်းပေးသည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ  စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက်   ကရင်ပြည်နယ်  လူမှုရေးရာဝန်ကြီး     ဦးစောထွန်းအောင်က လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ  တာဝန်ရှိသူများအား  လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ  ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး  ဦးစောထွန်းအောင်  နှင့် တာဝန်ရှိသူများ၊  ထိုင်းနိုင်ငံဆိုင်ရာ    ဘင်္ဂလားဒေ့ရှ်သံရုံးမှ ကောင်စစ်ဝန်  Mr.   Md.   Fahad.   Pervez.  Bosunia နှင့် တာဝန်ရှိသူများ၊ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူတို့က  သက်ဆိုင်ရာနိုင်ငံမှ  တာဝန်ရှိသူ ထံသို့   ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း  ၈၇၂၄ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၃၁၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ  စနစ်တကျ   လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၄၁၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့  လွှဲပြောင်းပေးရန်  အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်  ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး  အထူးသဖြင့်  မြန်မာနိုင်ငံ၏နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့်    ငွေကြေးလိမ်လည်မှု လုပ်ငန်းများအား အမျိုးသားရေးအသွင်ဖြင့်   အိမ်နီးချင်းနိုင်ငံများ  အပါအဝင်  နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍  စုံစမ်းဖော်ထုတ်  အရေးယူမှု များကို   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarEarthquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)