ဧပြီ - ၂၈ ( တနင်္လာနေ့ )
အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အရပ်သား ၂၆ ဦး သေဆုံး သွားပြီးနောက် အိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှုတွေ တိုးလာနေတဲ့ကြားက ပါကစ္စတန် မီးရထားဝန်ကြီး ဟာနစ်ဖ် အက်ဘာဆီ က အိန္ဒိယကို နျူကလီယားနဲ့ ဒဏ်ခတ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
တနင်္ဂနွေနေ့က ရုပ်မြင်သံကြားမိန့်ခွန်းတွင် အက်ဘာဆီ က ပါကစ္စတန်တွင် ဒုံးကျည်အမြောက်အမြားနှင့် နျူကလီယားထိပ်ဖူးပေါင်း ၁၃၀ ပိုင်ဆိုင်ထားကြောင်း အိန္ဒိယအား သတိပေးခဲ့ပါတယ်။ “ကျွန်ုပ်တို့ရဲ့ နျူကလီးယားလက်နက်တွေကို နိုင်ငံတစ်ဝှမ်း ဘယ်နေရာမှာချထားတယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ ကျွန်တော်ထပ်ပြောပါတယ်၊ ဒီပဲ့ထိန်းဒုံးကျည်တွေအားလုံးက ခင်ဗျားတို့ကို ပစ်မှတ်ထားနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
အိန္ဒူမြစ်ရေ စာချုပ် ကို တဖက်သတ် ရပ်ဆိုင်းရန် ဗုဒ္ဓဟူးနေ့က နယူးဒေလီအစိုးရ၏ ဆုံးဖြတ်ချက်ကို မှတ်ချက်ပေးရာတွင် အက်ဘာဆီ က "သူတို့က ငါတို့ကို ရေပေးဝေတာကို ရပ်ရင် စစ်ပွဲအတွက် အဆင်သင့် ပြင်ထားလိုက်တော့" ဟု ပါကစ္စတန်အရာရှိများ က အဲ့ဒိထုတ်ပြန်ချက်ကို တုံ့ပြန်ထားပါတယ်။
NDTV ၏အဆိုအရ အိန္ဒိယနှင့် ပါကစ္စတန်တပ်များသည် ကက်ရှ်မီးယားရှိ ထိန်းချုပ်ရေးမျဉ်း (LoC) ကို ဖြတ်ကျော်ပြီး သုံးညကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ LoC သည် နိုင်ငံများကြားတွင် အမှန်တကယ် နယ်နိမိတ်ဖြစ်ပြီး အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် နယ်စပ်ဘက်ခြမ်းတွင် အကြမ်းဖက်နှိမ်နင်းရေး စီးနင်းမှုများ လုပ်ဆောင်နေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။
ယခုသီတင်းပတ် အစောပိုင်းက Sky News နှင့် စကားပြောရာတွင် ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခဝါဂျာ အာဆစ်ဖ် က အိန္ဒိယနှင့် ထိပ်တိုက်ရင်ဆိုင်မှုသည် ဝမ်းနည်းဖွယ်ကောင်းသော ရလဒ်တစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment