တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်က ယန်စီ ထိန်းသိမ်းရေးကို ကြီးကြပ်ရန် တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်က ယန်စီ ထိန်းသိမ်းရေးကို ကြီးကြပ်ရန် တိုက်တွန်း


ဧပြီ - ၅ ( စနေနေ့ ) 

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအကြံပေး ဝမ်ဟူနင်း က ယန်ဇီမြစ်၏ ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဒီမိုကရေစီနည်းကျ ကြီးကြပ်မှုအားကောင်းစေရန် ခိုင်မာသော အားထုတ်မှုများ ပြုလုပ်ဖို့အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က တိုက်တွန်းခဲ့ပါတယ်။ 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီဥက္ကဋ္ဌ ဝမ် သည် CPC မဟုတ်သော နိုင်ငံရေးပါတီများနှင့် အခြားပါတီခေါင်းဆောင်များ တက်ရောက်သည့် ဆွေးနွေးပွဲတွင် အမှာစကား ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ 

ယခုနှစ်တွင် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကို နိဂုံးချုပ်ခြင်းဖြင့် ယန်ဇီမြစ်၏ ဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုနှင့် ပတ်သက်သည့် လုပ်ငန်းအားလုံးကို အရည်အသွေး မြင့်မားစွာဖြင့် ပြီးမြောက်စေရမယ်လို့ ဝမ်က ပြောကြားခဲ့ပါတယ်။ 

ယန်ဇီမြစ်၏ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအပေါ် ဒီမိုကရေစီနည်းကျ ကြီးကြပ်ကွပ်ကဲမှု၏ ထိရောက်မှုကို ပြန်လည်သုံးသပ်ပြီး အကဲဖြတ်ရန် ကြိုးပမ်းမှုများ ပြုလုပ်ရန်နှင့် အထူးကြီးကြပ်မှုအသစ်တစ်ခု ပြုလုပ်ရန် အစီအစဉ်ကိုလည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။ ဝမ်က ကွန်မြူနစ်ပါတီ မဟုတ်တဲ့ အခြားပါတီတို့က အကြံဉာဏ်များကို ဦးစားပေးဆွေးနွေးသွားရန်နှင့် အဲ့ဒိအကြံဉာဏ်တွေကို ဒီမိုကရေစီနည်းနဲ့ရွေးချယ် အကောင်အထည်ဖော်သွားမယ်လို့လည်း ပြောပါတယ်။ CPC မဟုတ်သော ပါတီရှစ်ခုမှ ခေါင်းဆောင်များနှင့် ပါတီဆက်နွှယ်မှုမရှိဘဲ ကိုယ်စားလှယ်တစ်ဦးတို့ကလည်း ဆွေးနွေးပွဲတွင် အမှာစကား ပြောကြားခဲ့ပါသည်။


REF: CGTN        

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)