လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-တောင်ကြီးသွား ကားလမ်းပေါ်၌ ခရီးသွားမော်တော် ယာဉ် ၁ စီးအား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-တောင်ကြီးသွား ကားလမ်းပေါ်၌ ခရီးသွားမော်တော် ယာဉ် ၁ စီးအား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်




နေပြည်တော်၊ ဧပြီ ၁၂

NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ် ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက် ရှိသောနေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများနှင့် ပြည်သူလူထုအား ပြန်ပေးဆွဲသတ်ဖြတ်ခြင်းများအား ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခန့်တွင် လွိုင်ကော်မြို့၊ ခေါဥခူရပ်ကွက်နေ ဦးအတင့်(ဘ)ဦးမောင်ကို သည် ဇနီးဖြစ်သူနှင့်အတူ ကုန်ပစ္စည်း များဝယ်ယူရန် လွိုင်ကော်မြို့မှ တောင်ကြီးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ကျောက်ကြီး (မြောက်)ကျေးရွာနှင့် ကုန်းဆွယ်ကျေးရွာအကြားသို့ ရောက်ရှိစဉ် အကြမ်းဖက်သောင်း ကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးအတင့် တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများက မော်တော်ယာဉ်နှင့်အတူ ယာဉ်ပေါ်ပါ ငွေကျပ်သိန်း ၁၃၀ ခန့်အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာ နှင့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်အား လိုက်လံရှာဖွေဖော်ထုတ်ခြင်းများဆောင်ရွက် ခဲ့ရာ ဖြစ်စဉ်နေရာ၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ မော်တော်ယာဉ်အား ပြန်လည်တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့် ဦးအတင့် အား အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)