မြတ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တာဝန်ရှိသူများရဲ့ လုပ်ရပ်အပေါ် ကျောင်းသားမိဘတစ်ဦး ၏ ရင်ဖွင့်သံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြတ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တာဝန်ရှိသူများရဲ့ လုပ်ရပ်အပေါ် ကျောင်းသားမိဘတစ်ဦး ၏ ရင်ဖွင့်သံ


အားလုံးသေဆုံးတာကတော့ (၁၃)ယောက်၊ ကျောင်းသားလေးတွေက (၆)ယောက်ပါတယ်။ ကလေး (၆)ယောက်ထဲက (၃)ယောက်ကိုတော့ Dead Body ရလိုက်တယ်။ ကျွန်တော်သားလေးနဲ့ ကျန်တဲ့ ၂ယောက်ကတော့ DB မရဘူး။ မရတာကတော့ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း အန္တရာယ်များလာတဲ့အပိုင်းမှာ ကျွန်တော်တို့လည်း နားလည်တယ်ပေါ့ဗျာ။ 

ကျွန်တော့်ဆန္ဒက ကိုယ်ပိုင်ကျောင်းအနေနဲ့က ကျောင်းသားမိဘတွေအပေါ်မှာ နှစ်သိမ့်မှုလေးတစ်ခုတောင် မပေးဘဲနဲ့ တာဝန်ယူမှု တာဝန်ခံမှု ဘာမှမရှိဘူး။ သူတို့ရဲ့ ကိုယ်ကျိုးအတွက်ပဲ လုပ်သွားတယ်။ ဝန်ကြီးချုပ်အနေနဲ့ကတော့ ကျွန်တော်တို့ တော်တော်လေးကိုပဲ လေးစားပါတယ်။ ဝန်ကြီးချုပ်ကတော့ ဖိဖိစီးစီးနဲ့ ကူညီဆောင်ရွက်ပေးတယ်။ သူလည်း တစ်နေကုန်လိုက်လံစစ်ဆေး ဆောင်ရွက်ပေးနေတာပဲ။ ကလေးတွေကို ဦးစားပေးဖော်ဖို့ ဝန်ကြီးချုပ်က ပြောပေမယ့် ဝန်ကြီးချုပ်ရှေ့မှာတော့ ဟုတ်ကဲ့ပါဆိုပြီးမှ နောက်ကွယ်မှာတော့ သူတို့ဟာတွေပဲ သူတို့ အရထုတ်သွားတယ်။ သူတို့ပစ္စည်းတွေလည်း ရအောင်ထုတ်တယ်။ 

ကျောင်းသားမိဘတွေအပေါ် ဘယ်လိုဖြစ်လာလဲဆိုတော့ ဦးစားပေးရှာပေးဖို့ ပြောရင် ကျွန်တော်တို့ ကျောင်းသားမိဘတွေကို ခလုတ်တချက်နှိပ်လိုက်ရင် ခင်ဗျားတို့ ဒါကြီး ရပ်တန့်သွားမယ်။ ဖုန်းဆက်လိုက်ရမလားပေါ့။ အဲဒီ ကိုယ်ပိုင်ကျောင်း မိသားစုကထဲက သံဆိုင်က ဦးရဲဆိုသူ က ကျွန်တော်တို့ကို ခြိမ်းခြောက်တယ်ပေါ့ဗျာ။ 

စစ်ကိုင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ပေးတာက မီးသတ်တပ်ဖွဲ့ရယ်၊ လှိုင်သာယာက (၄)ဖွဲ့ရယ်၊ မုံရွာက အဖွဲ့ရယ် တကယ်ကို သက်စွန့်ဆံဖျား လုပ်သွားတာပါ။ 

ကျောင်းသားမိဘတွေအတွက် ဘာမှ အစီအစဉ်မရှိဘူးဗျ။ ပြီးတဲ့အခါကြရင် အမကြီး မခိုင်နှင်းဝေ က လှူဖို့အတွက်ဆိုပြီး လာတယ်ပေါ့ဗျာ။ ကျောင်းသားမိဘတွေကို တိုက်ရိုက်လှူဖို့ ပြောတဲ့အခါကြတော့ အဲဒီ သံဆိုင်က ကိုရဲဆိုတဲ့လူနဲ့ ပြဿနာတက်ပြီး အမကြီး ခိုင်နှင်းဝေ ပြန်သွားတယ်။ အဲဒီလိုဆိုတော့ သူတို့က တော်တော်ကို ယုတ်မာလွန်းပါတယ်။ 

ကျွန်တော်တို့က မနေ့က ဝန်ကြီးချုပ်လာမယ်ဆိုလို့ ကျောင်းသားမိဘတွေက သွားတွေ့ပြီး ပြောမှာ။ ကျွန်တော်တို့က နှစ်(၇၀၀)ပြည့် ကွင်းကနေ စောင့်တာ။ ဝန်ကြီးချုပ်က ပတ်နေတာဆိုတော့ တွေ့ခွင့်မရဘူး။ မြတ်ကိုယ်ပိုင်အထက်တန်းကျောင်းကို လာသွားတယ်လို့လည်း ပြောတယ်။ သူတို့ရဲ့ နစ်နာဆုံးရှုံးမှုအတွက်တော့ တင်ပြတယ်ပေါ့ဗျာ။ 

ကျောင်းသားမိဘတွေကိုတောင်မှ အားပေးမှုမရှိဘဲ လက်လွတ်စပါယ် ပစ်ထားတဲ့ကျောင်းမျိုးကိုက ဘယ်လို ပြောရမလဲဆိုရင် ဒီကျောင်းမျိုး အားမပေးသင့်ဘူးပေါ့ဗျာ။ သူတို့ကိုယ်ကျိုးလောက်ပဲ ကြည့်တာ။


(အခက်အခဲများကြားမှ ဆက်သွယ်ပြောဆိုလာသည့် ကျောင်းသားမိဘတစ်ဦး ၏ ပြောကြားချက်ကို တင်ပြပေးခြင်း ဖြစ်ပါသည်။ အားလုံးအဆင်ပြေချောမွေ့အောင် သာတူညီမျှဖြစ်အောင် ဆောင်ရွက်ပေးနိုင်ကြစေရန်အတွက်သာ တင်ပြပေးခြင်းဖြစ်ပါသည်။)


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)