စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ် အကြီးမားဆုံး မြင့်တက်လာတယ်လို့ အစီရင်ခံစာတစ်ခု ကဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ် အကြီးမားဆုံး မြင့်တက်လာတယ်လို့ အစီရင်ခံစာတစ်ခု ကဆို


ဧပြီ - ၂၉ ( အင်္ဂါနေ့)

 စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI) ၏ သုတေသနပြုချက်အရ စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ်သည် တစ်နှစ်ထက်တစ်နှစ် တိုးလာနေရာ ၂၀၂၄ ခုနှစ်တွင် အမြင့်ဆုံးအထိ တိုးလာခဲ့ပါတယ်။ 

မနေ့က (တနင်္လာနေ့)တွင် ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာသည် စစ်အသုံးစရိတ်ကို အထူးသဖြင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် အရှိန်အဟုန်ဖြင့် တိုးတက်မှုရှိနေကြောင်းကို သတိပြုမိခဲ့ပါတယ်။  မနှစ်က တစ်ကမ္ဘာလုံး စုစုပေါင်း စစ်အသုံးစရိတ်သည် ကန်ဒေါ်လာ ၂.၇ ထရီလီယံကျော်ရှိပြီး အနှစ် ၃၀ ကျော်အတွင်း အဆိုးရွားဆုံး မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ 

"ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်သည် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ စစ်အသုံးစရိတ်ကို မြှင့်တင်ခဲ့သည်" ဟု SIPRI မှ ရေးသားခဲ့ပြီး အစိုးရများသည် "စစ်ရေးလုံခြုံမှုကို ဦးစားပေးလုပ်ဆောင်သည်" ဟု မကြာခဏဆိုသလို အခြားသော ဘတ်ဂျက်နယ်ပယ်များမှဆွဲယူ သုံးစွဲနေကြကြောင်း SIPRI မှ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ယူကရိန်းသည် ၎င်း၏ ဂျီဒီပီ ၃၄ ရာခိုင်နှုန်းနှင့် ညီမျှသော စစ်အသုံးစရိတ်မှာ ဒေါ်လာ ၆၅ ဘီလီယံနီးပါးအထိ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝှမ်းတွင် “အကြီးမားဆုံး စစ်ဘက်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုး” ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။  

ရုရှားအပါအဝင် ဥရောပရှိ စစ်ရေးအသုံးစရိတ်သည် ၂၀၂၄ ခုနှစ်က ကန်ဒေါ်လာ  ဘီလီယံ ၇၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပြီး ဥရောပတိုက်သည် ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ် တိုးမြှင့်မှုအတွက် “အဓိကပံ့ပိုးကူညီသူ” ဖြစ်လာခဲ့ပါတယ်။ ဂျာမနီ၏စစ်အသုံးစရိတ်သည် ၂၈ ရာခိုင်နှုန်း ခုန်တက်သွားသဖြင့် “မကြုံစဖူး မြင့်တက်လာသည်” ဟု ဖော်ပြခဲ့ပါတယ်။  SIPRI မှ သုတေသီ လောရင်ဇို စကာရာဇတ်တို က "ဂျာမဏီ ပြန်လည်ပေါင်းစည်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အနောက်ဥရောပမှာ စစ်အသုံးစရိတ် အများဆုံးသုံးစွဲတဲ့ နိုင်ငံဖြစ်လာပါတယ်၊၊ ယူရို  ဘီလီယံ ၁၀၀ကို အထူးကာကွယ်ရေးရန်ပုံငွေ အတွက်ဆိုပြီ ၂၀၂၂ မှာ ကြေညာခဲ့ပါတယ်" လို့ ဆိုပါတယ်။ 

ဘာလင်သည် အမေရိကန်၊ တရုတ်၊ ရုရှား ပြီးနောက် ကမ္ဘာ့စတုတ္တမြောက် စစ်အသုံးစရိတ် အများဆုံးနိုင်ငံ ဖြစ်ခဲ့ကာ နောက်တွင် အိန္ဒိယ လိုက်လာပါတယ်။ အဲ့ဒိနိုင်ငံတွေရဲ့  စစ်အသုံးစရိတ်က ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အသုံးစရိတ် စုစုပေါင်းရဲ့  ၆၀ % ရှိပါတယ်။ လေ့လာမှုအရ နေတိုးအဖွဲ့ဝင်အားလုံးသည် ၎င်းတို့၏ စစ်ရေးအသုံးစရိတ်ကို မြှင့်တင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအသုံးစရိတ်၏ ၅၅ % ခန့်ဖြစ်တဲ့  ကန်ဒေါ်လာ ၁.၅ ထရီလီယံ သုံးစွဲခဲ့ပါတယ်။ အမေရိကန်သည် နေတိုး၏အကြီးဆုံး ပံ့ပိုးကူညီသူအဖြစ် ဆက်လက်တည်ရှိပြီး စစ်ဘက်အစုအဖွဲ့၏ စုစုပေါင်းသုံးပုံနှစ်ပုံခန့်နှင့် ကမ္ဘာလုံးဆိုင်ရာအသုံးစရိတ်၏ ၃၇ ရာခိုင်နှုန်း ကန်ဒေါ်လာ ၉၉၇ ဘီလီယံသုံးစွဲခဲ့ပါတယ်။ ဥရောပနေတိုးအဖွဲ့ဝင်များသည်လည်း စုစုပေါင်းအသုံးစရိတ်ကို ဒေါ်လာ ၄၅၄ ဘီလီယံအထိ တိုးမြှင့်ခဲ့ပါတယ်။ 

SIPRI မှ သုတေသီ ဂျိတ် ဂွီဘာတူ ရီကတ်ဒ် က ဥရောပနေတိုး စစ်အသုံးစရိတ် အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုသည် “လက်ရှိ ဖြစ်ပွားနေသော ရုရှားခြိမ်းခြောက်မှု” နှင့် “နေတိုး မဟာမိတ်အဖွဲ့အတွင်းမှ အမေရိကန်၏ ခွဲထွက်ရေးဆိုင်ရာ စိုးရိမ်မှုများ” ကြောင့် အဓိကအားဖြင့် တွန်းအားပေးခဲ့ တာပါလို့ ဆိုပါတယ် ။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)