ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားသည့် အောင်ကိုမိုးအား ဖမ်းဆီးထားပြီဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားသည့် အောင်ကိုမိုးအား ဖမ်းဆီးထားပြီဟုဆို


နေပြည်တော်၊ ဧပြီ ၂၂

အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားသည့် ဝတ်စားဆင်ယင်မှု ပြုလုပ်ခဲ့သည့် အောင်ကိုမိုးအား တရားစွဲဆိုထားရာ ယနေ့ (၂၂-၄-၂၀၂၅) ရက်နေ့ ရုံးချိန်းတွင် အောင်ကိုမိုးအား ရဲတပ်ဖွဲ့မှ ရုံးတင်လာကြောင်း တရားလိုထံမှ သိရသည်။

လေးချိန်းမြောက် ရုံးချိန်းတွင် အောင်ကိုမိုးအား ဖမ်းဆီးထားသည်ကို တွေ့ရသည့် အခြေအနေနှင့် ပတ်သက်၍ တရားလို က "ဒီနေ့ ရုံးချိန်းက (၄)ချိန်းမြောက်ပေါ့။ ဒီနေ့ အောင်ကိုမိုး ကို ဖမ်းဆီးထားပြီ၊ ရုံးထုတ်လာတယ်။ သူ့ဘက်ကက အကျိုးဆောင်ရှေ့နေက ပါဝါတင်တယ်။ နောက်ထပ်ရုံးချိန်း ထပ်ချိန်းတယ်။ တရားရုံးလုပ်ငန်းစဉ်အရ တရားသူကြီးနဲ့ နှစ်ဖက်ရှေ့နေတွေ အစည်းအဝေးထိုင်ရမှာပေါ့။ အကို့ဘက်က ရှေ့နေက ဒီနေ့ တခါတည်း အစည်းအဝေးထိုင်လိုက်ဖို့ ပြောပေမယ့် အောင်ကိုမိုး ရဲ့ ရှေ့နေက အခုမှ ပါဝါတင်တာဆိုတော့ အမှုတွဲကူးအုံးမှာနဲ့ နောက်တစ်ပတ်မှ ထိုင်ဖို့ ပြောတယ်။ နောက်တစ်ပတ်ရုံးချိန်မှာတော့ အမှုကို ဘယ်လိုဆက်လက်စစ်ဆေးမယ်ဆိုတာ ထွက်လာပေါ့။" ဟု ပြောသည်။

၂၉-၄-၂၀၂၅ ရက်နေ့ကို ထပ်မံချိန်းဆိုထားပြီး ယနေ့ရုံးချိန်းတွင် ရှမ်းပြည်နယ်မှ ဆရာတော်များ၊ နေပြည်တော်မှ လိုပြသက်သေတွင် ပါဝင်သည့် ဆရာတော်များ ဝန်းရံလိုက်ပါခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ MICC-2 တွင် ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် အောင်ကိုမိုး ဆိုသူက ဗုဒ္ဓမြတ်စွာဘုရားကို ခေါင်းဖြတ် တုတ်ထိုးလာခြင်းဖြစ်ကြောင်း၊ ဝတ်စားဆင်ယင်ပုံမှာလည်း သံဃာတော်များကဲ့သို့ ဝတ်ဆင်လာခြင်း ဖြစ်ကြောင်း လိုပြသက်သေတွင် ပါဝင်သည့် ဆရာတော် ဦးပညာက သုံးသပ်ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)