ရွှေတောင်မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ




ရွှေတောင် ,  ဧပြီ ၁၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လွတ်လပ်ရေးကျောက်တိုင်ရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကံထူးရှင်ရွေးချယ်ပွဲအား ကျင်းပခဲ့သည်။


ဆက်လက်၍ ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်တွင် ကံထူးရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ပစ္စည်းများကို ပေးအပ်ခဲ့သည်။


အဆိုပါ မဟာသင်္ကြန်ပွဲတော် ကံထူးရှင်ရွေးချယ်ပွဲတွင် Loujia-110 (၁) စီး၊ KENBO-smarsh ခဲရောင် (၁) စီး၊ Pc110  ခဲရောင် (၁) စီး၊ ရေခဲသေတ္တာ၊ Air Cooler (၂) လုံး၊ MI Phone (၁) လုံးတို့အား ကံစမ်းမဲဖောက်ပေးခဲ့ပြီး ဌာနဆိုင်ရာများနှင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)