တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသ၌ မြန်မာ့ရိုးရာသင်္ကြန်အကြတ်နေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ပြီး အေးသင်္ကြန်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသ၌ မြန်မာ့ရိုးရာသင်္ကြန်အကြတ်နေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ပြီး အေးသင်္ကြန်ကျင်းပ






ထားဝယ် , ဧပြီ ၁၆


မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ့်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်ကို အေးသင်္ကြန်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ဒေသခံပြည်သူများက မြန်မာမှု၊ မြန်မာဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များနှင့်အညီ ပါဝင်ဆင်နွှဲလျက်ရှိကြသည်။


မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်ဒေသအတွင်းရှိ တန်ခိုးကြီးဘုရား ပုထိုးစေတီများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဘုရားစေတီပုထိုးများနှင့် ဘုရားကျောင်းကန်ဇရပ်များ ဘုန်းတော်ကြီးကျောင်းတို့တွင် ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားရိပ်သာများ၌ တရားစခန်းဝင်ခြင်းနှင့်စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများကို စိတ်အေးချမ်းသာစွာဆောင်ရွက်ကြသည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းလျှောက်သင်္ကြန်၊ အေးသင်္ကြန်တို့ကို မြန်မာရိုးရာအစဉ်အလာများနှင့်အညီကျင်းပရာ ဒေသအတွင်းမှပြည်သူများလာရောက်ဆင်နွှဲကြပြီးလာရောက် ပါဝင်ဆင်နွှဲသူများကို စတုဒိသာများဖြင့်ကျွေးမွေးကြကာ  မြန်မာမှု၊ မြန်မာဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့် အေးသင်္ကြန်ကိုကျင်းပကြပြီး မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကိုအေးချမ်းပျှော်ရွှင်စွာဖြင့် ဒေသအတွင်းမှ ပြည်သူများ လာရောက်ပါဝင်ဆင်နွှဲလျက်ရှိသည်။


ထို့အတူ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ကသိရှိစေရန် UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးရိုးရာယဉ်ကျေးမှုဓလေ့အား ထားဝယ်မြို့တော်ခန်းမအရှေ့တွင် ဆောင်ရွက်လျက်ရှိရာဒေသခံပြည်သူများက မြန်မာ့သနပ်ခါးကိုအမြတ်တနိုးလိမ်းခြယ်ခြင်းအား တစ်ပျော်တစ်ပါးပါဝင် ဆင်နွဲလျက်ရှိကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost







No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)