မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စု အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စု အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ





ညောင်ရွှေ    ဧပြီ     ၁၇


 မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယနေ့တွင်လည်း ကေလာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ ကံ့ကော်ဆောင် ဖျက်သိမ်းခြင်း၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ သရဖီဆောင်ပြန်လည်တည့်မတ်ခြင်း၊ ပြိုကျပျက်စီးသွားသည့် နေအိမ်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ယိုင်လဲသွားသည့် နေအိမ်များတည့်မတ်ခြင်း၊ ယာယီမိုးကာတဲများ ဆောက်လုပ်ခြင်း လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ပေးဆပ်သူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ အနော်မာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ ဒေသခံပရဟိတအဖွဲ့များ ပူးပေါင်း၍ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ထပ်အိမ်ဂူဆရာတော် ဦးဆောင်၍ ပြိုကျပျက်စီးသွားသည့်နေအိမ်များအတွက် အိမ်အသစ်ဆောက်လုပ်လှူဒါန်းရန် ပြင်ဆင် ခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိသည်။


 ကေလာကျေးရွာအုပ်စုအတွင်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးအိမ် ၈၂၈ အိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် ၄၉ အိမ်၊ စုစုပေါင်း ၈၇၇ အိမ်ရှိကြောင်း သိရသည်။


နေမျိုးသူရိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)