ဧပြီ - ၂၂ ( အင်္ဂါနေ့ )
အမေရိကန်နိုင်ငံပြည်ထဲရေး ဝန်ကြီး ခရစ္စတီနိုအမ် ရဲ့ လက်ကိုင်အိတ် ကို မြို့တော် ဝါရှင်တန်ဒီစီက စားသောက်ဆိုင် တစ်ဆိုင်မှာ သူခိုးတစ်ယောက်က ခိုးယူသွားတယ်လို့ သိရပါတယ်။ အခိုးခံလိုက်ရတဲ့ အဲ့ဒိအိတ်ထဲမှာ ဝန်ကြီးရဲ့ ယာဉ်မောင်းလိုင်စင်၊ ဒေါ်လာ ၃သောင်း ( ငွေသား )၊ ပတ်စ်ပို့ နဲ့ အခန်းသော့၊ ပြည်ထဲရေးဝန်ကြီးဌာန တံဆိပ် နဲ့ ချက်စ်စာအုပ် ( အလွတ်) တွေ ပါပါတယ်။ စီစီတီဗီ မှတ်တမ်းအရ မျက်နှာမှာ မက်စ်တပ်ထားတဲ့ လူတစ်ယောက်က သူမရဲ့ အိတ်ကို ခိုးယူသွားတယ်လို့ ဖော်ပြထားပါတယ်။
REF: India express
https://t.me/MyanmarNationalPost
No comments:
Post a Comment