ဧပြီ - ၂၂ ( အင်္ဂါနေ့ )
အီစတာ တနင်္လာနေ့တွင် ကွယ်လွန်သွားသည့် အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် လေဖြတ်ပြီးနောက် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း ဗာတီကန်က အတည်ပြုပြီး ပုပ်ရဟန်းမင်းကြီး ၏ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို အကြမ်းဖျင်းဖော်ပြခဲ့သည်။
ဖရန့်စစ် သည် ဧပြီလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်၌ ဗာတီကန်စီတီး၊ ကာဆာဆန်တာမာတာ ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားကြောင်း ဟိုးလီးဆီး မှ ကြေညာခဲ့သည်။ သေဆုံးရခြင်း၏ တရားဝင် အကြောင်းရင်းကို “လေဖြတ်ခြင်း၊ နောက်မှ မေ့မြောခြင်းနှင့် နောက်ပြန်မဆုတ်နိုင်သော နှလုံးသွေးကြောများ ပြိုကျခြင်း” ဟု စာရင်းသွင်းထားကြောင်း ဗာတီကန်စီးတီးပြည်နယ် ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ညွှန်ကြားရေးမှူး ဒေါက်တာ အန်ဒရီယာ အာကန်ဂီလီ မှ ပြောကြားခဲ့သည်။
“သေဆုံးရခြင်းအကြောင်းအရင်းများကို ကျွန်ုပ်၏ အသိပညာနှင့် အဆုံးအဖြတ်အတိုင်း အတတ်နိုင်ဆုံး အထက်ဖော်ပြပါအတိုင်း ဖြစ်သည်” ဟု ဒေါက်တာ အာကန်ဂီလီက တနင်္လာနေ့ညနေက ထုတ်ပြန်သော တရားဝင် သေတမ်းစာတွင် ရေးသားခဲ့သည်။
ဗာတီကန်၏ထုတ်ပြန်ချက်တွင် ပုပ်ရဟန်းမင်းကြီးသည် နာတာရှည် အဆုတ်ရောင်ရောဂါ၊ ရင်ကျပ်ရောဂါ၊ သွေးလွှတ်ကြောသွေးတိုးရောဂါနှင့် အမျိုးအစား ၂ ဆီးချိုရောဂါတို့အပါအဝင် နာတာရှည်အခြေအနေများစွာကို ခံစားနေရကြောင်းလည်း ဗာတီကန်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖရန့်စစ် သည် မကြာသေးမီက အဆုတ်ရောင်ရောဂါ နှစ်ထပ်ဖြစ်ပွားခဲ့ခြင်းကြောင့် ၃၈ ရက်ကြာ ဆေးရုံတက်ခဲ့ရပြီး ၎င်းမှာ အသက်အန္တရာယ် ရှိသော ကျန်းမာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ဆရာဝန်များကို ရောဂါသက်သာဆေးများထိုးနှံမှု ပြုလုပ်ရန် ညွှန်ကြားခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment