ပဲခူး၊ ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၆)ရက် ယမန်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဉ္စမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဒုတိယညဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက်မှ ဒေါက်တာဘဒ္ဒန္တသူရိယ သာသနဓဇဓမ္မာစရိယ၊အဂ္ဂမဟာပဏ္ဍိတ( နိုင်ငံတော်သံဃမဟာနာယကအဖွဲ့) အဖွဲ့ဝင်ဆရာတော်မှ “စာတက်ရဲ့လား” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူပြီး ဝန်ကြီးချုပ်အမှူးပြုသော တရားနာပရိတ်သတ်များမှ တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေကျပ် သိန်း(၆၀)နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ကို ၁၃၈၇ခုနှစ်၊ တန်ခူးလပြည့်ကျော်(၅)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၇)ရက်နေ့အထိ၊ ၂၀၂၅ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှ ဧပြီလ(၁၉)ရက်နေ့အထိ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်၌ (၃)ညတိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ဧပြီလ(၁၉)ရက်နေ့တွင် ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်၊ ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ)မှ တရားရေအေးအမြှိုက်ဆေးများ ဟောကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment