ကြံခင်းမြို့မဈေးကြီးအတွင်း အခြေခံစားသောက်ကုန်များနှင့် ဆောက်လုပ်ရေးပစ္စည်း ရောင်းချနေသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့မဈေးကြီးအတွင်း အခြေခံစားသောက်ကုန်များနှင့် ဆောက်လုပ်ရေးပစ္စည်း ရောင်းချနေသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး






ကြံခင်း၊ ဧပြီ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မဈေးကြီးအတွင်း အခြေခံစားသောက်ကုန် များနှင့် ဆောက်လုပ်ရေးပစ္စည်းများ ရောင်းချသည့်ဆိုင်များအား ယနေ့ နံက်ပိုင်းက သတ်မှတ်ဈေးနှုန်း များဖြင့် ရောင်းချ မှုရှိ/မရှိ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးပြည့်သိမ်းကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင်၊ စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဦးကျော်နိုင်ဝင်း၊ စစစမှ ဒုစုံမှူး ဦးယုကိုကို၊ မြို့မရဲစခန်းမမှ ဒုရဲအုပ် အောင်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ ပြည်သူ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(အဆင့်-၁) ဦးကျော်ကျော်ဆန်း တို့က မြို့မဈေးကြီးအတွင်း ကြက်ဥ၊ ဘဲဥများ သတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်းချမှုရှိ/မရှိစစ်ဆေးပြီး၊ ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းများအား သတ်မှတ်ဈေးနှုန်းများနှင့် ရောင်းချခြင်းရှိ/မရှိ၊ စားသောက်ဆိုင်များ၌ ကျန်မားရေးနှင့်အညီချက်ပြုတ် ရောင်းချမှုရှိ/မရှိတို့အား ပူးပေါင်းအဖွဲ့မှ စစ်ဆေးခြင်း၊ ဟောပြောခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)