မိုးကောင်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် Grade 12 သင် ဆရာ၊ ဆရာမများအား TOT ပြန်လည်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးကောင်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် Grade 12 သင် ဆရာ၊ ဆရာမများအား TOT ပြန်လည်ပို့ချ




မိုးကောင်း  ဧပြီ  ၂၉


ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် Grade 12 သင်ဆရာ၊ ဆရာမများအား တက္ကသိုလ်ပါမောက္ခများမှ Online Zoom ဖြင့် TOT ပြန်လည်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် ဆောင်ရွက်လျက်ရှိရာ မိုးကောင်းမြို့နယ်မှ ဆရာ၊ ဆရာမများက မိုကောင်းခန်းမ၌ တက်‌ရောက်သင်ယူကြောင်း သိရသည်။


မိုးညှင်းခရိုင်အတွင်း မိုးညှင်းနှင့် ဟိုပင်မြို့မှ ဆရာ၊ ဆရာမများအတွက် အ.ထ.က(၁)မိုးညှင်းမြို့တွင်လည်းကောင်း၊ မိုးကောင်း နမ္မတီး ကားမိုင်း ပင်းဘောမြို့တို့မှ ဆရာ၊ ဆရာမများအတွက် မိုးကောင်းမြို့တော်ခန်းမတွင်လည်းကောင်း၊ ဖားကန့်မြို့မှ ဆရာ၊ ဆရာမများအတွက် အ.ထ.က(ဖားကန့်)တွင်လည်းကောင်း Zoom ဖြင့် သင်တန်းပေးခြင်းဖြစ်သည်။


အဆိုပါ TOT ပြန်လည်ပို့ချခြင်းကို ဧပြီ(၂၈)မှ မေလ(၁)ရက်နေ့ထိ ပို့ချမည်ဖြစ်ပြီး နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ဘာသာရပ်အလိုက် သင်ခန်းစာများ အသီးသီးပြန်လည်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။


သန်းလွင်ဦ:

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)