ကျွန်းလှမြို့နယ်၌ သက်ကြီးဘိုးဘွားပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ သက်ကြီးဘိုးဘွားပူဇော်ပွဲကျင်းပ

 




ကျွန်းလှ  ဧပြီ  ၁၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များပူးပေါင်းပြီး သက်ကြီးဘိုးဘွားပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။


ဦးစွာ သက်ကြီးဘိုးဘွားများအား ဩကာသကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများပေးအပ်၍ အဘိုးတစ်ဦးက ဆုတောင်းမေတ္တာစကား ပြောကြားသည်။


ထို့အပြင် စေတနာရှင်ပြည်သူများပူးပေါင်းပြီး သကြီးပူဇော်ပွဲပြုလုပ်ခြင်း၊ ဘုန်းတော်ကြီး ကျောင်းများတွင်အာဟာရဒါန ကုသိုလ်ပြုခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပွဲများ ပြုလုပ်ကြကြောင်း သိရသည်။


မျိုးဝင်းညို ကျွန်းလှ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)