ပညာရေးဝန်ကြီးဌာန က မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဝန်ကြီးဌာန က မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် ကြေညာ




နေပြည်တော်၊ ဧပြီ ၂၂

ပညာရေးဝန်ကြီးဌာန က မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် ကြေညာထားသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ တို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ်၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းကို ၂၉-၃-၂၀၂၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း။ အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ၁၆-၆-၂၀၂၅ ရက်နေ့မှ ၂၁-၆-၂၀၂၅ ရက်နေ့အထိ ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် "စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂) ရွှေဘို၊ အထက(၁)ရေဦး၊ အထက(ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်) နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် ပြန်လည် ဖြေဆိုရန် မလိုပါ။" ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ က အကြံပြုချက် ထုတ်ပြန်ထားရာတွင် "၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့်ငလျင်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မလွန်ဆန်နိုင်သောဖြစ်ရပ်(Force Majeure)ဖြစ်ပါကြောင်း၊ ဤကဲ့သို့သော အခြေအနေတွင် Grade-12 စာမေးပွဲပြန်လည်ကျင်းပမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အထူးသဖြင့် ငလျင်ဘေးဒဏ်ခံစားနေရသောဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်ခံစား နေရသော ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး မလိုလားအပ် သည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အပြင် တိုက်ပွဲဒဏ်သင့်ဒေသများမှ ကျောင်းသား/သူများအတွက် ပို၍ပင် ဒုက္ခဖြစ်စေနိုင်ပါကြောင်း ထောက်ပြ ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)