ဒါကာ၊ ဧပြီ ၂၂
မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက်လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Chattogram Buddhist Temple မှ အများစုပေါင်းလှူဒါန်းငွေ တာကာ ၄၇၀,၅၈၉ (အမေရိကန်ဒေါ်လာ ၃,၆၂၀ ခန့်) ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ ၂၀-၄-၂၀၂၅ ရက်တွင် လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။
အဆိုပါ လှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့် ပြည်သူများသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment