ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ကွမ်းခြံကုန်းမြို့နယ်နှင့် တွံတေးမြို့နယ် ဘိုးဘွားရိပ်သာများအား သွားရောက်ကြည့်ရှုအားပေးကာ အလှူငွေများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ကွမ်းခြံကုန်းမြို့နယ်နှင့် တွံတေးမြို့နယ် ဘိုးဘွားရိပ်သာများအား သွားရောက်ကြည့်ရှုအားပေးကာ အလှူငွေများ ပေးအပ်လှူဒါန်း





ရန်ကုန်၊ ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်း က ကွမ်းခြံကုန်းမြို့ နယ်နှင့် တွံတေး မြို့နယ်တို့ရှိ ဘိုးဘွားရိပ်သာ များသို့ သွားရောက်ကြည့်ရှု အားပေးကာ အလှူငွေများပေးအပ် လှူဒါန်းကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ကွမ်းခြံ ကုန်းမြို့နယ်၊ ဒေးဒနော စံပြ ကျေးရွာ၊ ဒေးဒနော ဘိုးဘွား ရိပ်သာသို့ရောက်ရှိပြီး ဘိုးဘွား ရိပ်သာရှိ အဘိုးသုံးဦးနှင့်အဘွား ၁၀ ဦး စုစုပေါင်း ၁၃ ဦးတို့ အား ရင်းရင်းနှီးနှီး နှုတ်ဆက် ၍ အလှူငွေများအား ဘိုးဘွား

တစ်ဦးချင်းထံ လက်ဝယ် အရောက် ပေးအပ်လှူဒါန်းပြီး ဘိုးဘွားများ၏ ထမင်းစားဆောင် ကို ကြည့်ရှုကာ ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး ကော်မတီ၏ တာဝန်ရှိသူများထံ ဘိုးဘွား ရိပ်သာအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အလှူငွေများ ပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တွံတေး မြို့နယ်၊ ရွှေဆံတော်ရပ်ကွက်၊ မိဘဂုဏ် ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ဘိုးဘွားရိပ်သာရှိအဘိုးကိုးဦးနှင့် အဘွား ၁၆ ဦး စုစုပေါင်း ၂၅ ဦးတို့အား ရင်းရင်း နှီးနှီးနှုတ်ဆက်၍ အလှူငွေများကို ဘိုးဘွားတစ်ဦး ချင်းထံ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းပြီး ဘိုးဘွား များ၏ ဘုရားဝတ်ပြုဆောင်နှင့် ထမင်းစားဆောင်တို့ကိုကြည့်ရှု ကာ ဘိုးဘွားရိပ်သာ စောင့် ရှောက်ရေးကော်မတီ၏ တာဝန် ရှိသူများထံ ဘိုးဘွားရိပ်သာအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း က အလှူငွေများ ပေးအပ် လှူဒါန်းပြီး ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး ကော်မတီ၏ တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)