မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြား


နေပြည်တော်၊ ဧပြီ ၁၂

မြန်မာနိုင်ငံတွင်မန္တလေးငလျင်ကြီး ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်ဆီးမှု များဖြစ်ပေါ်ခဲ့မှုများနှင့်မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင် နှင့် ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar နှင့် ဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် Gurudev Sri Sri Ravi Shankar က မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့၌ မန္တေလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် မိမိအနေဖြင့် မြန်မာနိုင်ငံသားများနှင့်ထပ်တူဝမ်းနည်းရပါကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက်လည်း နိုင်ငံတကာမှအကူအညီများရရှိနေသည်ဟု သိရှိရပါကြောင်း ဖြင့်ပြောကြားသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ မိမိတို့နိုင်ငံတွင် မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု အပေါ် ဆက်သွယ်မေးမြန်းပြောကြားသည့် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့ပြီးချိန်၌ နိုင်ငံတကာမှလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်း များကိုလည်း လာရောက်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအချိန်တွင် ရှင်းလင်းရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း ဖြင့်ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ Gurudev Sri Sri Ravi Shankar အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)