ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က INGO အဖွဲ့ဖြစ်သည့် Humedica နှင့် International Medical Corps တို့မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က INGO အဖွဲ့ဖြစ်သည့် Humedica နှင့် International Medical Corps တို့မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဧပြီ ၇

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အစိုးရမဟုတ်သည့်နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် Humedica နှင့် International Medical Corps တို့မှ ကိုယ်စားလှယ်များအား ၇-၄-၂၀၂၅ ရက်၊ ၁၅ ၀၀ နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် အဆိုပါအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ပြည်သူများအား ကျန်းမာရေးအထောက်အကူဆိုင်ရာ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင် ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)