တပ်မတော်က ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ထုတ်ပြန်ကြေညာထားသည့် ကာလအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်က ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ထုတ်ပြန်ကြေညာထားသည့် ကာလအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်




နေပြည်တော်၊ ဧပြီ ၄

တပ်မတော်အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ငလျင်သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားစာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်းကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထိုကဲ့သို့ တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးထုတ်ပြန်ထားသည့် ကာလ အတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှုများကို အလစ်အငိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မိုးညှင်းမြို့၊ မြို့မဈေးအနီး နယ်မြေ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် ရုတ်တရက် မောင်းနှင် ဝင်ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သားပြည်သူ ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးညှင်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံ အတွင်းငလျင်သဘာဝဘေးဒဏ်ကြောင့်ဖြစ်ပေါ်ခံစားလျက်ရှိသည့် နိုင်ငံသူ/နိုင်ငံသား များ၏ ပူပင်သောကရောက်ရှိမှုများကို လစ်လှူရှု၍ ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက် မှုကို ကျူးလွန်ခြင်းသည် လူသားချင်းစာနာထောက်ထားမှု မရှိခြင်းပင်ဖြစ်ပြီး အကြမ်း ဖက်လုပ်ရပ်ကို ကျူးလွန်ခြင်းပင်ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံအဝန်း၌ နယ်မြေလုံခြုံရေးတာဝန်များ ကို တာဝန်သိ ပြည်သူလူထုများ၏ ဝိုင်းဝန်းပါဝင်ပူးပေါင်းမှုများဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌လည်း နယ်မြေလုံခြုံ ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်း အသီးသီးနှင့် အတူတကွ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)