ရုရှား LNG ဂတ်စ်တင်သွင်းမှု ကို မပိတ်ဖို့ အီးယူ စီစဉ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား LNG ဂတ်စ်တင်သွင်းမှု ကို မပိတ်ဖို့ အီးယူ စီစဉ်နေ


ဧပြီ - ၁၇ ( ကြာသပတေးနေ့ ) 

ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့အရည် (LNG) တင်သွင်းမှုကို ပိတ်ဆို့အရေးယူမှု ပြုလုပ်မယ့် အစီအစဉ် တွေကနေ ဥရောပသမဂ္ဂ( EU ) အရာရှိတွေက နုတ်ထွက်လိုက်ပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်သည် ထောက်ပံ့မှု အစားထိုးခြင်းအတွက် မသေချာမရေရာမှုများကြောင့် ပြည်တွင်း အတိုက်အခံများက တွန်းအားပေးခဲ့ခြင်း ဖြစ်ကြောင်း အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သော်လည်း ပိတ်ပင်မှုသည် အမေရိကန်နှင့် အီးယူ၏ စေ့စပ်ညှိနှိုင်းရေး ပါဝါကို အားနည်းသွားစေမည်ကို စိုးရိမ်မှုများလည်း ရှိနေပါတယ်။ 

ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားကို ဖိအားပေးရန် အီးယူ၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ ရုရှား LNG ကို ပိတ်ဆို့အရေးယူခြင်းသည် ဝါရှင်တန်နှင့် ဆက်လက်၍ ကုန်သွယ်ရေး ဆွေးနွေးပွဲ များတွင် အဓိကအကျဆုံးသော ကဏ္ဍကို ဖယ်ရှားနိုင်ကြောင်း အမည်မဖော်လိုသူ EU အရာရှိတစ်ဦးက ဆိုပါတယ်။  ဥရောပကော်မရှင်သည် အီးယူ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ရုတ်သိမ်းရန် အမေရိကန်အား ဆွဲဆောင်ဖို့ LNG အပါအဝင် စွမ်းအင် တင်သွင်းမှုများကို အသုံးပြုရန် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီးယူကို အမေရိကန်ဓာတ်ငွေ့ဝယ်ယူမှု တိုးမြှင့်ရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။ အီးယူအရာရှိအချို့က ၎င်းသည် ဖေဖော်ဝါရီတွင် ပြန်လည်ရုတ်သိမ်းခဲ့သည့် EU သံမဏိနှင့် အလူမီနီယံအပေါ် ၂၅ % စည်းကြပ်ခွန်များ ပြန်လည်ရုပ်သိမ်းရန် ညှိနှိုင်းဖို့ အခွင့်အရေးတစ်ခုအဖြစ် မြင်ပါတယ်။ 

ရုရှား LNG ကို တားမြစ်ပိတ်ပင်ရန် စိတ်ကူးသည် ယခင်က EU ၏ ၁၆ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှု ပက်ကေ့ချ်ဖြစ်ပေမဲ့ ဆွေးနွေးပွဲများအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ ကန့်ကွက်မှုကြောင့် ဇန်နဝါရီလ ဆွေးနွေးမှုများ အပြီးမှာ ပျက်ပြယ်သွားခဲ့ပါတယ်။ 

ပြင်သစ်၊ စပိန်နှင့် ဘယ်လ်ဂျီယံအပါအဝင် နိုင်ငံအချို့သည် ရုရှား LNG တင်သွင်းမှု၏ ၈၅ %ကို  ဆက်လက် တင်သွင်းနေကြောင်း စွမ်းအင်စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အင်စတီကျု (IEEEFA) အရ သိရပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)