လားရှိုး၊ ဧပြီ ၁၀
MNDAA အကြမ်းဖက်အဖွဲ့က လားရှိုးမြို့မှာ ဒီမနက်က လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူများလို့ အမည်တပ်ပြီး လူငယ် ၅ ဦးကို အများပြည်သူရှေ့မှာပဲ ရက်စက်စွာပစ်သတ်ပြီး သေဒဏ်ပေးလိုက်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ယနေ့ (ဧပြီ ၁၀) ရက်မနက်က လားရှိုးမြို့၊ မန်ဆူကျောင်းအနောက်ဘက်မှာရှိတဲ့ ကိုးကန့်ပါတီရုံးမှာ အမိန့်ချခဲ့တာဖြစ်ပြီး သေဒဏ်ပေးခံရသူ ၅ ဦးကို လေယာဉ်ကွင်းသွားတဲ့လမ်းက ဟိုပိတ်ဘက်မှာ သေနတ်နဲ့ လူအများရှေ့မှာ ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
MNDAA အကြမ်းဖက်အဖွဲ့သည် မနှစ်က မေလထဲမှာလည်း လေးယောက်ကို သေဒဏ်ပေးခဲ့ကြောင်း၊ လူမြင်ကွင်းမှာ သတ်ပြတာ မဟုတ်ကြောင်း၊ ဒီနှစ်မှာလည်း လူ ၈ ယောက်ကို ရက်စက်စွာ စီရင်သွားကြောင်း၊ သုံးယောက်ကိုတော့ တစ်သက်တစ်ကျွန်းပဲ ချတာ။ ကျန်တဲ့ငါးယောက်ကိုတော့ ချက်ချင်းခေါ်ထုတ်သွားပြီး လူမြင်ကွင်းမှာတင် ပစ်သတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ ဒီမှာ မနှစ်က တပ်ကနေ လားရှိုးကို ဗုံးကြဲတော့ တပ်သတင်းပေး၊ ဒလန်၊ သူလျှိုဆိုပြီး ဖမ်းထားသူတွေ ၄၀ လောက်မှာ တချို့ကပဲ ပြန်လွတ်လာပြီး အများစုကို သတင်းဖျောက်ထားကြောင်း၊ အခုလည်း သေဒဏ်ပေးပြီး အသတ်ခံရသူတွေက တပ်သတင်းပေးမှုနဲ့ ဖမ်းခံထားရသူတွေလို့ ပြောဆိုနေကြောင်း၊ လူသိအောင်ထုတ်ပြောလည်း ကိုယ့်ပါဖမ်း အသတ်ခံရမှာကြောက်တော့ မိသားစုက မပြောရဲကြောင်း ဒေသခံက ပြောဆိုထားသည်။
MNDAA အကြမ်းဖက်အဖွဲ့ဟာ ဧပြီ ၂၁ ရက်မှာ လားရှိုးမြို့က ထွက်ခွာပေးရမှာမို့လို့ လားရှိုးပြည်သူ့ဆေးရုံကြီးက ဆေးပစ္စည်းတွေ အကုန်ခိုးထုတ်နေတယ်လို့ သတင်းထွက်ပေါ်နေပြီး လူငယ်တွေကို ပြစ်မှုအမည်တပ် လူမြင်ကွင်းရှေ့ ရက်စက်စွာပစ်သတ်ပြတာကလည်း ပြည်သူလူထုကို အကြောက်တရားနဲ့ အုပ်စိုးပြတာဖြစ်လို့ လားရှိုးမြို့ခံတွေကြားမှာ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုတွေ မနှစ်မြို့ကြတော့ပါဘူး။
MNDAA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်အပေါ် နိုင်ငံရေး လေ့လာသူတစ်ဦးက "ဒီအဖွဲ့တွေက ဒီလိုလုပ်တတ်တဲ့ သဘောရှိနေတာကို အားလုံးသိထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မရှိတဲ့ ဥပဒေနဲ့ တရားစီရင်တယ်။ လူမြင်ကွင်းမှာ ပစ်သတ်တယ်။ ဒါတွေက ရက်စက်ယုတ်မာမှုတွေပဲ။ တိုင်းပြည်မှာ ဒီလိုအနိဋ္ဌာရုံအမှုတွေ များများလုပ်လေ ဘေးဆိုးကပ်ဆိုးတွေ တွေ့ရလေပဲ။ တရားမဲ့ နိုင်ငံတော်လို ဖြစ်နေတာပေါ့။ ဒါက တိုင်းပြည်ရဲ့ ဥပဒေနဲ့ စီရင်တာမဟုတ်ဘူး။ ဒါကို တရားစီရင်ရေးလို့ ပြောမရဘူး။ ရက်စက်ယုတ်မာမှုတွေကို တားဆီးကြဖို့ကတော့ အားလုံးမှာ တာဝန်ရှိပါတယ်။" ဟု သုံးသပ်ပြောဆိုသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment