မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန်များပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန်များပေးအပ်လှူဒါန်း





ချမ်းအေးသာစံ ,  ဧပြီ ၁၀


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အလှူရှင်များက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ပေးအပ်လှူဒါန်းကြရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။


ယနေ့လှူဒါန်းမှုတွင် စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းငွေကျပ် စုစုပေါင်း ၁၅၂,၁၀၀,၀၀၀/- ကျပ် (တစ်ထောင့်ငါးရာနှစ်ဆယ့်တစ်သိန်းကျပ်တိတိ)ကို အလှူရှင်အသီးသီးက ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


မန္တလေးတိုင်းဒေသကြီးအတွင်း ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြိုကျပျက်စီးအဆောက်အဦများနှင့် အန္တရာယ်ရှိအဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်‌ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ချမ်းအေးသာစံ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)