ထရမ့်က AIနဲ့ လုပ်ထားတဲ့ သူ့ရဲ့ပုပ်ရဟန်မင်းကြီးပုံကို အွန်လိုင်းပေါ်တင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်က AIနဲ့ လုပ်ထားတဲ့ သူ့ရဲ့ပုပ်ရဟန်မင်းကြီးပုံကို အွန်လိုင်းပေါ်တင်


မေ - ၃ ( စနေနေ့ ) 

နောက်တက်လာမယ့် ပုပ်ရဟန်းမင်းကြီးနဲ့ ပတ်သက်ပြီး အရွန်းဖောက်ပြီး နောက်တစ်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပုပ်ရဟန်းမင်း၏ ဝတ်စုံဖြင့် သူ့ကိုယ်သူ AI ဖြင့် ဖန်တီးထားသော ပုံရိပ်ကို အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။ စနေနေ့ ( ဒီကနေ့) မှာ သူ့ကိုယ်ပိုင် Truth Social platform တွင် မျှဝေထားသော ဓာတ်ပုံတွင် ရိုးရာပုပ်ရဟန်းမင်းကြီး၏ လက်ယာဘက်အမူအရာဖြင့် ညာလက်ကို မြှောက်ထားသည့် ပုပ်ရဟန်းမင်းကြီး ဝတ်လုံဝတ်၊ ရွှေစင်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ 

ထရမ့်တင်လိုက်တဲ့ပို့စ်က ယခုသီတင်းပတ်အစောပိုင်းတုန်းက သတင်းထောက်များကို ထရမ့် က “ပုပ်ရဟန်းမင်းကြီး နေရာကို ဆက်ခံမယ့်သူ ဖြစ်ချင်ပါတယ်။ အဲ့ဒါက ကျနော့်ရဲ့ နံပါတ် ၁ ရွေးချယ်မှုပါပဲ” လို့ ပြောခဲ့ပါတယ်။ သူက ဘာဖြစ်လို့ အဲ့လိုပြောတာလဲဆိုတော့ သူ့ကို သတင်းထောက်တွေက နောက်တက်လာမယ့် ပုပ်ရဟန်းမင်းကြးက ဘယ်သူဖြစ်နိုင်သလဲလို့ မေးတာကို ပြန်ဖြေတာပဲ ဖြစ်ပါတယ်။ အဲ့ဒိနောက်မှာမှ သူက နယူယောက်ခ်က ကာဒီနယ် တင်မိုသီဒိုလန်က အလွန်တော်ပါလို့ ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ ဗာတီကန် စောင့်ကြည့်လေ့လာသူတွေကတော့ တင်မိုသီက ဖြစ်နိုင်ချေမရှိပါဘူးလို့ ပြောဆိုထားပါတယ်။ 

သမ္မတနှင့် သမ္မတကတော် မယ်လီနာထရမ့် တို့သည် ဧပြီလ ၂၆ ရက်က ရောမမြို့၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒိခရီးစဉ်က ထရမ့် ဇန်နဝါရီလအတွင်း သမ္မတရာထူး လက်ခံယူပြီးနောက် ပထမဆုံးထွက်သည့် နိုင်ငံခြားခရီးစဉ်ပဲဖြစ်ပါတယ်။ 

AI မှ ဖန်တီးထားသော ရုပ်ပုံသည် အွန်လိုင်းပေါ်တွင် ရောထွေးတုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အသုံးပြုသူအချို့က ၎င်းကို ဟာသနှောပြီး အခြားသူများက ၎င်းအား မသင့်လျော်ဟု ဝေဖန်ကြပြီး ကွယ်လွန်သူ ပုပ်ရဟန်းမင်း၏ သေဆုံးမှုကို ထရမ့်က လှောင်ပြောင်သည်ဟု စွပ်စွဲကြပါတယ်။  ပုပ်ရဟန်းမင်းကြီး အသစ်ရွေးချယ်မည့် ပုပ်ရဟန်းမင်းကြီး စည်းဝေးပွဲကို မေလ ၈ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ဗာတီကန်က အတည်ပြုခဲ့ပြီး Sistine Chapel တွင် ကမ္ဘာတစ်ဝှမ်းမှ ကာဒီနယ်များက လျှို့ဝှက်မဲပေးကြရန် ခေါ်ယူခဲ့ပါတယ်။ 


Ref : RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)