မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းမှ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းမှ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ




မကွေး ၊မေ ၂၈


မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့်  မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄)ဖြင့် Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တာ၀န်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အသေးစားစက်မှုလက်မှုလုင်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဌာန၏ မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းတာ၀န်များ ဆောင်ရွက်သည့်နေရာတွင် ပြည်သူလူထု၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်၀င်ငွေရရှိစေမည့် အသက်မွေး၀မ်းကျောင်းပညာများကို အခါအားလျော်စွာ သင်ကြားပေးလျက်ရှိပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာစေရေး၊ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်း ကာလတိုသင်တန်းများကို တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။  ယခု Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းတွင် လူငယ်၊ လူရွယ်များ ပညာတတ်မြောက်ပြီး ဝင်ငွေရရှိသော လုပ်ငန်းထူထောင်နိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်၊ ပြည်တွင်းဖြစ် နိုင်ငံခြားစံချိန်မီ အရည်အသွေးကောင်းမွန်သော စားသောက်ကုန်လုပ်ငန်းများပေါ်ထွက်လာစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသော စားသောက်ကုန်များကို သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်‌ပေးရခြင်းဖြစ်ကြောင်း ပြောကြား‌ခဲ့သည်။


ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက လုပ်ငန်းသုံးပစ္စည်းများ‌အား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ သင်တန်းအား မေလ (၂၇) ရက်နေ့မှ   ဇွန်လ (၂) ရက်နေ့အထိ (၇) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး ၎င်းသင်တန်းကို သင်တန်းသား/သူ စုစုပေါင်း (၁၅) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။


မောင်ခိုင်မင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)