ပြည်သူ့အကျိုးပြု ဒစ်ဂျစ်တယ်အသိုက်အဝန်း ထူထောင်နိုင်ရေးအတွက် လူ့စွမ်းအားရင်းမြစ်များ ပျိုးထောင်ပေးနိုင်ရန် ဒေါက်တာ အောင်ဇေယျ တိုက်တွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့အကျိုးပြု ဒစ်ဂျစ်တယ်အသိုက်အဝန်း ထူထောင်နိုင်ရေးအတွက် လူ့စွမ်းအားရင်းမြစ်များ ပျိုးထောင်ပေးနိုင်ရန် ဒေါက်တာ အောင်ဇေယျ တိုက်တွန်းပြောကြား


နေပြည်တော်၊ မေ ၁၈

ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆-၅-၂၀၂၅ရက်နေ့ နံနက်ပိုင်းက Naypyitaw State Polytechnic University ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ သက်ဆိုင်ရာမဟာဗျူဟာ မဏ္ဍိုင်များအလိုက် မဟာဗျူဟာပန်းတိုင်များ ပြည့်မီစေရေးအတွက် လုပ်ငန်းစဉ်များကို အောင်မြင်ပြီးမြောက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ AI အပါအဝင် ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာအရွေ့တို့နှင့်အမီလိုက်ပါကာ ဆန်းသစ်တီထွင်မှုများမှ စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့ဒစ်ဂျစ်တယ်မျက်နှာစာသို့ ထိုးဖောက်နိုင်စေရန်၊ ပြည်သူ့အကျိုးပြုဒစ်ဂျစ်တယ်အသိုက်အဝန်း ထူထောင်နိုင်ရေးအတွက် လူ့စွမ်းအားရင်းမြစ်များ ပျိုးထောင်ပေးနိုင်ရန်၊ နိုင်ငံရေရှည်အကျိုးစီးပွားကို လွှမ်းခြုံဖော်ဆောင်ပေးမည့် ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရေးအတွက် ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်ဌာနဆိုင်ရာအရာရှိကြီးများ၊ ပြင်ပအဖွဲ့အစည်းများ ဖြစ်ကြသော UMFCCI ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း၊ Myanmar Digital Economy Association တို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရန် အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် Naypyitaw State Polyte-chnic University ရှိ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံတော်ကို အမှန်တကယ်အလုပ်အကျွေးပြုနိုင်သည့် စွမ်းရည်မြင့်အင်ဂျင်နီယာများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားပြီး လာမည့်ဇွန်လဆန်းကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများ၊ ကွန်ပျူတာခန်းများ၊ သိပ္ပံဓာတ်ခွဲခန်းများ၊ လက်တွေ့ခန်းများတွင် စနစ်တကျပြင်ဆင်ထားရှိမှုအခြေအနေများ၊ တက္ကသိုလ်ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)