ပင်လောင်းမြို့နယ်တွင် ငလျင်သင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ငလျင်သင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်




ပင်လောင်း ၊  မေ ၂၉


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားသည့် အင်အားပြင်းငလျင်ကြောင့် နေအိမ်များပျက်စီးရှုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများ၊ သေဆုံးသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြည်သူများထံပေးအပ်ခဲ့သည်။


ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများထံထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း၊ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် လုံးဝပြိုကျပျက်စီးသွားသည့် နေအိမ်(၉၆)လုံးအတွက် တစ်အိမ်လျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၉,၂၀၀,၀၀၀)နှင့် အိမ်ထောင်စု(၉၆)စုမှ လူဦးရေ(၃၄၆)ဦးအား ဆန်ရိက္ခာ ခုနစ်ရက်စာအတွက် တစ်ဦးလျှင် ငွေကျပ်ငါးထောင်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁,၇၃၀,၀၀၀)၊ တစ်ပိုင်းတစ်စပျက်စီးသည့် နေအိမ်(၇၂၅)လုံးအတွက် တစ်အိမ်လျှင်ငွေကျပ် ငါးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၆,၂၅၀,၀၀၀)၊ အိမ်ဆောက်ပစ္စည်း တန်းဖိုးငွေကျပ်(၅၅,၄၅၀,၀၀၀)၊ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၁၉)ဦးအား တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၉၅၀,၀၀၀)၊ သေးဆုံးသူ (၃)ဦးအား တစ်ဦးလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၉၀၀,၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)