လွိုင်လင်မြို့တွင် ငွေကျပ် ၁၂၁၁ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့တွင် ငွေကျပ် ၁၂၁၁ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ မေ ၂၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မေလ ၂၀ ရက်နေ့ ၀၉၃၀ အချိန် လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအားစစ်ဆေးရှာဖွေစဉ် စိုင်းကျော်လွင်ဦး မောင်းနှင်ပြီး မနန်းယုမ့်ခမ်း လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၁ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၂၁၀)၊ ကက်တမင်း အလေးချိန် ၁၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀,၀၀၀)နှင့်  လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ် ချက်အရ ၁၄ ၃၀ အချိန်တွင် စိတ်ပြောင်းဆေးဝါးများအား လက်ခံရယူမည့် စွမ်းထက် အား တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၌ လက်ကိုင်ဖုန်း ၁ လုံးနှင့် ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းကျော်လွင်ဦး(၂၇)နှစ်၊ မနန်းယုမ့်ခမ်း(၁၉)နှစ် နှင့် စွမ်းထက်(၂၆)နှစ်တို့အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက် များဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)