လွိုင်လင်မြို့တွင် ငွေကျပ် ၁၂၁၁ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်လင်မြို့တွင် ငွေကျပ် ၁၂၁၁ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ မေ ၂၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မေလ ၂၀ ရက်နေ့ ၀၉၃၀ အချိန် လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအားစစ်ဆေးရှာဖွေစဉ် စိုင်းကျော်လွင်ဦး မောင်းနှင်ပြီး မနန်းယုမ့်ခမ်း လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၁ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၂၁၀)၊ ကက်တမင်း အလေးချိန် ၁၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀,၀၀၀)နှင့်  လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ် ချက်အရ ၁၄ ၃၀ အချိန်တွင် စိတ်ပြောင်းဆေးဝါးများအား လက်ခံရယူမည့် စွမ်းထက် အား တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၌ လက်ကိုင်ဖုန်း ၁ လုံးနှင့် ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းကျော်လွင်ဦး(၂၇)နှစ်၊ မနန်းယုမ့်ခမ်း(၁၉)နှစ် နှင့် စွမ်းထက်(၂၆)နှစ်တို့အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက် များဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)