ခမောက်ကြီး ၊ မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်)မှ ကြီးမှူးကျင်းပသော နွေရာသီ ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲကို ခမောက်ကြီး၊ အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ယမန်နေ့က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာ၌ ကော့သောင်းမြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ ခမောက်ကြီးမြို့တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ သင်တန်းနည်းပြ ဆရာ၊ဆရာမများက ကြီးကြပ်ဆောင်ရွက်ပြီး ဒုတိယနေ့ ဖြေဆိုသည့် မြန်မာစာဘာသာရပ်ကို ဖြေဆိုသူ (၅၆)ဦး ရှိကြောင်း မနက်ဖြန် နေ့လယ် (၁) နာရီတွင် အဘိဓမ္မာဘာသာရပ်အား ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး
https://t.me/MyanmarNationalPost

No comments:
Post a Comment